နေပြည်တော် ဇန်နဝါရီ ၂၇
မီဒီယာများ၊ ယဉ်ကျေးမှုနှင့်အနုပညာရှင်များနှင့် ကျန်းမာ ရေးစံပြု
အချက် အလက် များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
ရောဂါဖြစ်ပွားသူများ အား ဆန်းစစ် လေ့လာမှုများပြုလုပ်ရာတွင် ကျန်းမာရေးအသိပညာနှင့်
ကျန်းမာရေး စာတတ်မြောက်မှု နည်းပါး သဖြင့် ရောဂါကြို တင်ကာကွယ်မှုနည်းလမ်းများ၊
ရောဂါများ၏ လက္ခဏာ များကိုမသိရှိခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော
စားသောက်နေထိုင်မှု အလေ့အကျင့်များကို မလိုက်နာ ခြင်းကြောင့်
မဖြစ်ပွားသင့်သည့်ရောဂါများ ဖြစ်ပွားလျက် ရှိသည်ကို တွေ့ရှိ ရကြောင်း။
ပြည်သူများသည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်
စသည်တို့ကို ကြည့်ရှုကြသည့်အပြင် အင်တာနက်နှင့် လူမှုကွန်ရက်များကိုလည်း အလွယ်တကူ
လက်လှမ်းမီ အသုံးပြုကြ သည်ဖြစ်၍ ပြည်သူများ၏ မျက်စိ အလင်းတံခါး၊ အကြားတံခါးနှင့်
နှလုံးသားတံခါးတို့ကို ဖွင့်လှစ်ပေးနိုင်သူများဖြစ်သည့် မီဒီယာများနှင့် အနု
ပညာရှင်များသည် ပြည်သူများကျန်းမာရေးအသိပညာ ကြွယ်ဝစေရေး
ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းဖြင့် ပိုမို ထိရောက်အောင်မြင် မည်ဖြစ်ပါကြောင်း၊
မီဒီယာအမျိုးမျိုး မှ ကျန်းမာရေးသတင်းစကားများကို ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့်
ဖြန့်ဖြူးရာတွင် ဝန်ကြီးဌာနနှင့် မီဒီယာများအကြားကျန်းမာရေးဆိုင်ရာ စံပြုအချက်
အလက်များကို ပေါင်းကူးသဖွယ် ထားရှိအသုံးပြုကြကာ အများပြည်သူ သုံး
သတင်းစကားများအဖြစ် တစ်ဆင့်ပြန်လည်ဝေ မျှပေးရန် တိုက်တွန်းလိုပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၉ ဒသမ ၅ သန်းခန့် ရှိသော မျိုးဆက်သစ်လူငယ်
ကျောင်းသား ကျောင်းသူများ အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းစေရန်မှာလည်း
အထူးအရေးကြီးပါသဖြင့် ၄င်းတို့ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးအသိပညာများ ကြွယ်ဝစေရန်
မီဒီယာများနှင့် အနုပညာရှင်များက ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်
ရွက်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ ကျန်းမာစွာဖြင့် ဘဝတစ်သက်တာ
ခိုင်ခိုင်မာမာရပ်တည် နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ မိဘများ၊ ဆွေမျိုးမိတ်ဆွေများကိုပါ
ကျန်းမာရေးအသိပညာများ ဝေမျှပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်သူများတွင် ကျန်းမာရေး
အသိပညာမြင့်မား လာခြင်းဖြင့် ရောဂါဖြစ်ပွားမှုများနည်းပါးခြင်း၊ ရောဂါ
ဖြစ်ပွားမှုနည်းပါးခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းများတွင်
ကုသခြင်းခံယူရမှုနည်းပါးခြင်း၊ ထိုသို့ ဆေးရုံ၊ ဆေးခန်းများ တွင် လူနာနည်းပါးသဖြင့်
ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနိုင်ခြင်း စသည်တို့
အပြင် နိုင်ငံတော်ဘဏ္ဍာများ ကုန်ကျမှုနည်းပါးလာသဖြင့် ကျန်းမာရေး ကဏ္ဍအပြင်
အခြားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပိုမိုအသုံးပြုနိုင်ခြင်း
အကျိုးကျေးဇူးများ စွာရရှိနိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ပြည်သူများအား ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း
လုပ်ငန်းများသည် ''အကျိုးပြု စက်ဝန်းကြီး''သဖွယ် အဘက်ဘက်မှ အကျိုးရှိပါကြောင်း၊
လူတစ်ဦးချင်း၊ မိသားစုတစ်ခုချင်းမှသည် ပြည်သူများအားလုံး ကျန်းမာမှု ရှိမည်၊
မရှိမည်ကို အဓိက အဆုံးအဖြတ်ပေးနိုင်သည့် ကျန်းမာရေး အသိပညာမြှင့်တင်ရေး
လုပ်ငန်းများတွင် မီဒီယာများနှင့် အနုပညာရှင်များအနေဖြင့် ဝန်ကြီးဌာနနှင့်
လက်တွဲကြိုးပမ်းဆောင်ရွက်ပေးကြ ပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း
ပြောကြားသည်။
ယင်းနောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စား လှယ်
Dr. Stephan Paul Jost နှင့် UNICEF အဖွဲ့မှ Chief of Communication for
Development Ms. Alessia Radice တို့က အမှာစကားပြောကြားကြသည်။
ထို့နောက်Junior Creative Dance အဖွဲ့က ''ဘဝရှေ့ဆောင်
ရက်တစ်ထောင်'' ခေါင်းစဉ်ဖြင့် သရုပ်ပြ ဖျော်ဖြေကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို
ဇန်နဝါရီ ၂၈ ရက်အထိ ပြုလုပ် သွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment