ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ခုတင် ၁ဝဝ ဆံ့
တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ သံဃာဆေးကုသဆောင်သစ်နှင့် လေ့ကျင့် ကုသဆောင်သစ် တို့ကို
ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ တိုင်းရင်းဆေး
ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ အလှူရှင်များကိုယ်စား ပြည်လုံးချမ်းသာ
ဦးဘိုကြီးနှင့်တာဝန်ရှိသူများ က အဆောက်အအုံသစ်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
အဆောက် အအုံအတွင်း လိုက်လံကြည့်ရှုကြသည်။
သံဃာဆေးကုသဆောင်သစ်မှာ ၆၈ ပေx ပေ ၃ဝ ရှိကာ နှစ်ထပ် သံကူ ကွန်ကရစ်အဆောက်အအုံဖြစ်ပြီး
၂ဝ၁၂ ခုနှစ်မှ စတင်ကာ အများ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေ့ကျင့်ကုသဆောင်မှာ ပေ ၂ဝ x ပေ ၃ဝ ရှိ၍ တစ်ထပ် အဆောက်အအုံဖြစ်ကာ တစ်ဦးတည်းအလှူရှင်အဖြစ်
ဦးထွန်းရွှေ (ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)က လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း
သိရသည်။
ခုတင် ၁ဝဝ ဆံ့တိုင်းရင်းဆေးရုံကြီးတွင် နေ့စဉ် ပြင်ပလူနာ ၁ဝဝ နှင့်
အထက် ရှိပြီး အတွင်းလူနာမှာ ၆ဝ မှ ၈ဝ အကြား တက်ရောက် ကုသ လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:
Post a Comment