Monday, January 7, 2019

ဒုတိယဝန်ကြီး ဦးကျော်လင်း မြင်းခြံ-တလုတ်-ဆီမီးခုံ-နံ့သာလှိုင်-ဒုံဒင်းလမ်း၊ ငါန်းဇွန်-ငါန်းမြှာလမ်း၊ ငါန်းဇွန်-မြို့သာလမ်းရှိ လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇန်နဝါရီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းသည် ဇန်နဝါရီ ၅ ရက်က မြင်းခြံမြို့နယ်နှင့် ငါန်းဇွန် မြို့နယ်မှ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနမှတာဝန်ရှိသူ များနှင့် မြို့နယ်များအတွင်းရှိ လမ်းတံတား လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် လမ်းဦးစီးဌာန မြင်းခြံခရိုင် ရုံးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည် ။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သော မြင်းခြံ-တလုတ်-ဆီမီးခုံ-နံ့သာလှိုင်-ဒုံဒင်း လမ်းနှင့် ငါန်းဇွန်-ငါန်းမြှာလမ်းတို့တွင် ကတ္တရာလမ်းခင်းခြင်းနှင့် လမ်းချောမွေ့ စေရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက လမ်းပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ရာသီ မရွေးသွားလာနိုင်သော လမ်းဖြစ်စေ ရေးအတွက် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လမ်းဦးစီးဌာနမှ ဆောင်ရွက် နေသော ငါန်းဇွန်-မြို့သာလမ်း တစ်လျှောက် လမ်းတံတားလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးခဲ့ရာ မိုင်တိုင် (၈/၂)မီးပျံချောင်းရှိ မန်ကျီးကုန်း ရေကျော်နေရာကို ၁၂ ပေ x ၅ ခန်းတွဲ သံကူကွန်ကရစ်ရေနိမ့်တံတား တည် ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး ပြီး တံတားတည်ဆောက်ရာတွင် အသုံး ပြုသောပစ္စည်းများ အရည်အသွေး ကိုက်ညီမှုရှိစေရန်နှင့် တံတားအရည် အသွေးကောင်းမွန်စေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ယင်းနောက် BOTစနစ်ဖြင့် ဆောင်ရွက် နေသော မြင်းခြံ-မြို့သာ-တံတားဦးလမ်း (မြို့သာ-တံတားဦး) အပိုင်းအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment