နေပြည်တော်
ဇန်နဝါရီ ၆
၂ဝ၁၉
ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
ရပ်ရွာအေးချမ်းသာယာရေး တာဝန် ထမ်းဆောင်စဉ် AA သောင်းကျန်းသူ အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်
ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ
တပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ သွားရောက် ကြည့်ရှု
နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများအား
သွားရောက်ပေးအပ်လျက် ရှိသည်။
ဇန်နဝါရီ
၅ ရက်တွင် မကွေးတိုင်း ဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်
ဦးစီးသည့် တပ်ဖွဲ့ဝင်များက မကွေးမြို့ အောင်စေတနာ(A) ၃ လမ်းသို့ သွား ရောက်၍ ရဲမှူး
စိုင်းဘိုဟန်၏ ကျန်ရစ်သူ မိသားစုနှင့် တွေ့ဆုံကာ နှစ်သိမ့်အားပေး စကားပြောကြားပြီး
ဇနီးဖြစ်သူ ဒေါ်သီ တာဦးထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်
၁ဝ သိန်း ကိုထောက်ပံ့ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး
မအူပင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်နိုင်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက
ညောင်တုန်း မြို့ ၉ ရပ်ကွက်သို့ သွားရောက်၍ ဒုတိယ ရဲအုပ် မြင့်လွင်၏ ကျန်ရစ်သူမိသားစုနှင့်
တွေ့ဆုံကာ နှစ်သိမ့်အားပေးစကား ပြော ကြားပြီး ဇနီးဖြစ်သူ ဒေါ်မိုးမိုးခိုင်ထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
ထောက်ပံ့ပေးအပ် သည့် ငွေကျပ် ၁ဝ သိန်းကို လည်းကောင်း၊ အလားတူ ကယားပြည်နယ် ရဲတပ်ဖွဲ့
မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်ရွှေဦးစီးသည့် တပ်ဖွဲ့ ဝင်များက
ရဲတပ်သား ကိုကိုလတ်၏ ကျန်ရစ်သူမိသားစုအား လွိုင်ကော်မြို့၌ သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေး
စကားပြောကြားပြီး အစ်ကိုဖြစ်သူ ကိုကျော်ထူးအောင်ထံသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့်
ငွေကျပ် ၁ဝ သိန်းကိုထောက်ပံ့ ပေးအပ် ခဲ့သည်။
အလားတူ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေးဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ် နောင်လျန်(၂)ကျေးရွာသို့ သွားရောက် ကာ ရဲတပ်သား ဖားဖာ့၏ ကျန်ရစ်သူ မိသားစုများနှင့် တွေ့ဆုံကာ နှစ်သိမ့်အား ပေးစကားပြောကြားပြီး ဖခင်ဖြစ်သူ ဦးအားချေးထံသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့်ငွေကျပ် ၁ဝသိန်း နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ထောက်ပံ့ သည့် ငွေကျပ်ငါးသိန်း၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် နှစ်သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:
Post a Comment