Monday, January 28, 2019

ကြယ်ငါးပွင့်အဆင့်ရှိ ဟိုင်နန်လေကြောင်းလိုင်း ရန်ကုန်မြို့နှင့် ချုံချင်းမြို့ တို့အကြား ပထမဦးဆုံး ပြေးဆွဲပျံသန်း



ရန်ကုန် ဇန်နဝါရီ ၂၇
တရုတ်လေကြောင်းလိုင်း "Hainan Airlines" ၏ ရန်ကုန်မြို့နှင့် ချုံချင်းမြို့တို့အကြား ပထမဦးဆုံးပြေးဆွဲ ပျံသန်းသည့် ခရီးစဉ်သစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ယနေ့ကျင်းပ သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြေးဆွဲပျံသန်း သည့် ၃၂ လိုင်းမြောက် အပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းအဖြစ် ဟိုင်နန်လေကြောင်းလိုင်းအသစ် စတင်ပြေးဆွဲ ပျံသန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲ က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်Terminal 1၊ သုံးလွှာ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ခံ မစ္စတာ ယွီပြန်ကျန်နှင့် လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေး မှူးချုပ် ဦးအောင်ကျော်ထွန်း၊ လေကြောင်း လိုင်းမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဟိုင်နန်လေကြောင်းလိုင်းသည် တရုတ်နိုင်ငံတွင် စတုတ္ထမြောက် အကြီးဆုံးလေကြောင်းလိုင်းဖြစ်ပြီး လေယာဉ်အစင်းရေ ၄၆၃ စင်းဖြင့် ခရီးသည်ပေါင်း ၇၉ သန်း ကျော်အား ခရီးစဉ်လမ်းကြောင်း ၂၂ဝ သို့ ယခင်နှစ်က သယ်ယူပို့ဆောင်ပေး ခဲ့ပြီးဖြစ်သည်။
အဆိုပါလေကြောင်း လိုင်းသည် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များကို ပုံမှန်ပျံသန်းပေးလျက်ရှိပြီး စင်ကာပူ၊ ဂျာမနီ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံ အပါဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ လေယာဉ်စင်းလုံးငှား ခရီးစဉ်များကိုလည်း ပြေးဆွဲပျံသန်းပေးလျက်ရှိပါသည်။
ဟိုင်နန်လေကြောင်းလိုင်းသည် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်မှု အဆင့် သတ်မှတ်ရေးအဖွဲ့ "Skytrax" ၏ ကြယ်ငါးပွင့် အဆင့် သတ်မှတ်ပေး ခြင်းခံရသော လေကြောင်းလိုင်း ခုနစ်လိုင်း အနက်မှ တစ်လိုင်းအပါအဝင်ဖြစ် ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး


No comments:

Post a Comment