ရန်ကုန် ဇန်န၀ါရီ ၂၇
တတိယအကြိမ်မြောက် မြန်မာ-ဂျပန် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို
ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်း ကျင်းပသည်။
ရှေးဦးစွာ နံနက် ၉ နာရီတွင် မြန်မာ-ဂျပန်ချစ်ကြည်ရေး
ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အမိမြန်မာပြည်ရုပ်တုခန်းမ၌
ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမှာစကားပြောကြားရာ၌ တတိယအကြိမ်မြောက်
မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုး ပွဲတော်ကို မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော
ရန်ကုန်မြို့ တွင် ကျင်းပနိုင်မှုအပေါ် ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း၊ ယခုကဲ့ သို့ ချယ်ရီပန်းပင်
စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းအားဖြင့် မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအကြား ရှိရင်းစွဲ
ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးသော သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာစေလျက် နှစ်နိုင်ငံ
အစိုးရ အချင်းချင်း၊ လွှတ်တော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်
ခြင်းဖြင့် နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံရေး ပိုမိုချောမွေ့လာမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ်
မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို နေပြည်တော်တွင် ကျင်းပခဲ့ရာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပြီး
ဂျပန်နိုင်ငံမှ ပျိုးယူခဲ့သော ချယ်ရီပင်(၁၀၀) အား နေပြည်တော် ဇ၀န လမ်းအနီး လွှတ်တော်
သွားရာလမ်းတစ်လျှောက်တွင် ဂျပန်-မြန်မာ မိတ်ဆွေများနှင့် အတူတကွ ပျော်ရွှင်စွာ စိုက်ပျိုး
ခဲ့ပါကြောင်း၊
ဒုတိယ အကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး
ချယ်ရီပန်းပင် စိုက်ပျိုး ပွဲတော်ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် တွင် နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁)တွင် ကျင်းပခဲ့ပြီး ချယ်ရီပန်းပင်
၂၀၀ ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန- ၁ အနီးနှင့် လွှတ်တော်သို့သွားရာ
ဇ၀နလမ်းတစ်လျှောက် ဗိုလ်ရှုသဘင် အဆောက်အဦအနီးတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ
ဧည်သည်တော်များ အတူတကွ စိုက်ပျိုး ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလမှ
ဖေဖော်ဝါရီလအတွင်း ခရီးသွားဧည့်သည်များကို စွဲဆောင်မှု ရှိသည့် ချင်းပြည်နယ်တွင် ချယ်ရီပင်
၁၂၅၀ ၊ မိုးကုတ်၊ ပြင်ဦးလွင်နှင့် ကလော၊ အင်းလေးဒေသတို့တွင် ချယ်ရီပင် ၈၀၀ ကို စိုက်ပျိုးခဲ့သည်ကို
သိရှိရပါကြောင်း၊ ယခုတတိယ အကြိမ်တွင်လည်း မြန်မာနိုင်ငံ ချယ်ရီ ဖောင်ဒေးရှင်းနှင့်
ဂျပန်ယူကိုဆာကူယာ ချစ်ကြည်ရေး အသင်းတို့မှ လှူဒါန်းပေးမည့် ချယ်ရီပင်များနှင့် နေပယ်
ထရီး ၃၉၀၀ ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်မြို့နှင့်မိုးကုတ်မြို့တို့တွင်
စိုက်ပျိုး သွားမည် ဖြစ်ပါကြောင်း။
မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော မျိုးရိုးဗီဇပြုပြင်ထားသည့်
ဆာကူယာ ချယ်ရီပင်များဖြစ်ပြီး ယနေ့ အချိန် အခါ တွင် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက်
ဆွဲဆောင်မှုရှိသော ဒေသများအဖြစ် ကြိုးပမ်း နေချိန် တွင် တတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး
ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ သည် ချယ်ရီပန်းပင်များဖြင့်
စွဲဆောင်မှုရှိသည်ဟူသော သတင်းစကားကို ကမ္ဘာအရပ်ရပ်ရှိ ခရီးသွား ဧည့်သည်တို့ထံ ဖြန့်ဝေနိုင်လိမ့်မည်ဟု
ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ထွက်မှုသည် အတော် အသင့်တိုးတက်မှု
ရှိလာပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု သည် ၃ ဒသမ ၄၄ သန်းရှိခဲ့၍
၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း ၀င်ရောက်ခဲ့ ရာ တိုးတက်မှုနှုန်း သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်း
ရှိခဲ့ပါကြောင်း၊ ဧည့်သည်ပိုမိုဝင်ရောက်ရန် အာဆီယံနှင့် အာဆီယံ +၃ နိုင်ငံများမှ ဧည့်သည်များကို
ပိုမိုဖိတ်ခေါ်နိုင်စေရန်ရည် ရွယ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မကာအို
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့မှ နိုင်ငံသားများကို ၂၀၁၈ ခုနှစ်၊ အောက်တို ဘာ
၁ ရက်နေ့မှစ၍ ၂ နှစ်စာ ကာလအတွက် ဗီဇာကင်းလွတ်ခွင့်ကိုပြုခဲ့ပြီး လေကြောင်းခရီးမှ လာရောက်သော
တရုတ်နိုင်ငံသားများ ကိုလည်း ဆိုက်ရောက်ဗီဇာကို ခွင့်ပြု ခဲ့ပါကြောင်း၊
ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍
လေကြောင်းခရီးဖြင့် ရောက်ရှိလာသော အိန္ဒိယနိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းဖြင့်
ဖြေလျှော့မှုများ ဆောင်ရွက်ခဲ့သည့်အပြင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ အပြည်ပြည်ဆိုင်ရာ ၀င်ထွေက်ပေါက်
များ ဖွင့်လှစ်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် အတွင်း စတင်ခဲ့သော
ဗီဇာဖြေလျှော့မှုတို့သည် ၂၀၁၉ ခုနှစ်တွင် စတင်အကျိုး ခံစားရမည်ဖြစ်သည့်အပြင် လာမည့်
နှစ်များတွင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မည့် ခရီးသည်အရေအတွက် ပိုမိုတိုးတက် လာမည်
ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသဲနှလုံးဟု တင်စားရသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏
အဓိက ၀င်ပေါက် တစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များ လေကြောင်း၊ ရေကြောင်း ခရီးဖြင့်
ဝင်ရောက် လည်ပတ်သော မြို့တော် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ခရီးသည် ၀င်ထွက်မှု ၃ ဒသမ ၅
သန်းသည် နယ်စပ်ဒေသမှမြန်မာနိုင်ငံ အတွင်းဝင် ရောက်သော ခရီးသည်အချို့ အပါအ၀င် စုစုပေါင်း
၁ ဒသမ ၄ သန်းခန့် ၀င်ရောက် သည့် အတွက် ခရီး သည် အားလုံး၏ ထက်ဝက်နီးပါးသည် ရန်ကုန်မြို့
ကို စတင်လာရောက်လည်ပတ်ကြောင်းနှင့် ယခုလို ရန်ကုန်မြို့ တွင် ခရီးသွားမြှင့်တင်ရေး
အစီအစဉ်များပြုလုပ်ခြင်းသည် တစ်နိုင်ငံလုံးအတွက် ခရီးသွားလုပ်ငန်းမြှင့် တင်ပေးခြင်း
ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း၊
ယနေ့တွင် ထူးခြားစွာရန်ကုန်မြို့တွင် မြန်မာတို့၏
ညီနောင် တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဓလေ့များကို ဖော်ထုတ် မိတ်ဆက်ပြသသော
သွေးချင်းတို့ရဲ့ ပွဲတော်နှင့် တိုက်ဆိုင်၍ အင်မတန်မှ ကောင်းမွန်ပြီး တစ်ဆက် တည်းမှာပဲ
ဂျပန်နှင့် နိုင်ငံခြား ခရီးသွားတို့ကို မြန် မာ၏ ထူးခြားသော တိုင်းရင်းသားရိုးရာ ယဉ်ကျေး
မှု တို့ကို ပြသခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနှင့် ဂျပန်သည် ကာလကြာရှည်စွာ ရင်းနှီးမှုတည်ရှိခဲ့ပြီးဖြစ်၍
ယခုကဲ့သို့ အမှတ်တရ ပူးပေါင်းဆောင်ရွက်မှုပွဲများ ကျင်းပပြီး အတူတကွပါဝင်ဆင်နွှဲခြင်းဖြင့်
အနာဂတ်တွင် နှစ်နိုင်ငံကြား ယဉ်ကျေးမှုများ ဖလှယ်သော အစီအစဉ် များ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များကို
ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ကျင်းပသော တတိယအကြိမ်
မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီ ပန်းပင် စိုက်ပျိုးပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်
ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊
ပုဂ္ဂလိက အသင်းအဖွဲ့များ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံမှ ပူးပေါင်း ပါဝင် ဆောင်ရွက် ခဲ့သူများ
အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာမည့်နှစ် များတွင်ကျင်းပမည့် ချယ်ရီ
ပင်စိုက် ပျိုးပွဲတော် များကို မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်
အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Japan Myanmar Parliamentary
Friendship Association ဥက္ကဋ္ဌ Mr. Ichiro Aisawa ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်
၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် တက်ရောက်
လာကြ သူများ သည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား
မြန်မာ့ရိုးရာ မုန့်များဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ချယ်ရီပန်းပင်များ စိုက်ပျိုးခြင်းကို
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ဂိတ်(၂) မြက်ခင်းပြင်တွင် ကျင်းပရာ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ချယ်ရီ ပန်းပင်များ စိုက်ပျိုးပေးခဲ့ကြသည်။
ဓာတ်ပုံ - သန်းစိုး - သန်းထိုက်

No comments:
Post a Comment