နေပြည်တော် ဇန်နဝါရီ ၇
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ ခုနှစ် အစီရင်ခံစာပါ
အကြံပြုတိုက် တွန်းချက်(၁၀)ချက်အပေါ် ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲ ပိုင်းတွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို
ကြိုးပမ်းအား ထုတ်ဆောင်ရွက်နေပါကြောင်း၊ အမေရိကန် နိုင်ငံ၏အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်အရ
Tier အဆင့်သတ်မှတ်ချက် အမျိုးမျိုးဖြင့် မြန်မာနိုင်ငံသည် ရပ်တည်ခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံ
သည်၎င်းတို့၏ ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပါစံနှုန်းများနှင့်
နိုင်ငံများအား ကိုက်ညီမှုရှိ/ မရှိတိုင်းတာ၍ နှစ်စဉ် အစီရင်ခံစာများထုတ်ပြန်ပြီး အဆင့်များသတ်မှတ်၍
အကြံပြုချက်များကို နှစ်စဉ်ထုတ်ပြန် ကြေညာလေ့ရှိကြောင်း။
မိမိတို့ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြစ်သော လူငယ်များ၏
အလုပ်အကိုင်အခွင့် အလမ်းဖော်ဆောင်ပေးရန်မှာ အရေးကြီးပါကြောင်း၊ လူကုန်ကူးခြင်းသည် လူမှုကာကွယ်စောင့်ရှောက်မှု၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နှင့် လည်းဆက်စပ်နေကြောင်း၊
တိုက်ပွဲရှောင်စခန်းများနှင့် အခြားဘေးရှောင် စခန်းများမှပြည်သူများမှာလူကုန်ကူးခံရနိုင်သည့်
ဖြစ်နိုင်ခြေ အခြေအနေများတွေ့ရှိရသော ကြောင့် ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းပညာနှင့်
အလုပ်အကိုင်အခွင့်အလမ်း များကို ပိုမိုဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှု
တိုက်ဖျက်ရေးလုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊
လူမှုရေး အဖွဲ့အစည်းများတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ
ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော
လုပ်ငန်းများ ကိုသက်ဆိုင်ရာဌာနများပူးပေါင်း၍ ထုတ်ပြန်ဖော်ပြ နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ
အားအကောင် အထည်ဖော်ဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment