Monday, January 7, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ဆိုင်ရာ ပီရူးသံအမတ်ကြီး H.E. Mr. Fernando Quiros Campos အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး H.E. Mr. Fernando Quiros Campos အား ယနေ့ ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ပီရူးနှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်သွားရန်နှင့် အားကစား၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment