Monday, January 7, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မြန်မာ့ဒစ်ဂျစ်တယ် အခွင့် အရေးဆွေးနွေးပွဲ ကျင်းပမည့် တာဝန်ခံ အရပ်ဖက်အဖွဲ့ အစည်းများအား လက်ခံတွေ့ဆုံ




နေပြည်တော်၊ ဇန်နဝါရီလ ၇


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တတိယအကြိမ် မြန်မာ့ ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ (Myanmar Digital Rights Forum) တာဝန်ယူကျင်းပမည့် အရပ်ဖက်အဖွဲ့ အစည်း များဖြစ်ကြသည့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (Myanmar Centre for Responsible Business)၊ ဖန်တီးရာ (Phandeeyar)၊ မြန်မာ့အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (Myanmar ICT for Development Organization) နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) တို့မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ယင်းအရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဇန်နဝါရီ (၁၈)ရက်မှ (၁၉)ရက် အထိ ကျင်းပပြုလုပ်မည့် တတိယအကြိမ် “မြန်မာ့ ဒစ်ဂျစ်တယ်အခွင့် အရေးဆိုင်ရာဆွေးနွေးပွဲ (3rd Myanmar Digital Rights Forum) တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တက်ရောက် ပါဝင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment