Friday, November 9, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် China Development Bank မှ Vice President ၊ Mr. Wang Nanfeng နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



 နေပြည်တော်၊ နိုဝင်ဘာ ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် China Development Bank မှ Vice President ၊ Mr. Wang Nanfeng နှင့် အဖွဲ့အား ယနေ့ ညနေ(၄)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရေး၊ မြန်မာအထူးစီးပွား ရေးဇုန် (SEZ)၊ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံမှ နည်းပညာနှင့် အရင်းအနှီး ပံ့ပိုးကူညီမှုများ ရယူဆောင်ရွက်သွားရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment