နေပြည်တော် နိုဝင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
H.E. Dr. Vivian Balakrishnan တို့သည် ယနေ့နံနက်ပိုင်းတွင်
စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management(AHACentre)နှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment