နေပြည်တော်၊ နိုဝင်ဘာ - ၉
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ အဋ္ဌမအကြိမ် မဟာ
ဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး
ဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာ ခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့
တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အလှူတော်မင်္ဂလာ အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကန်ဦးပရိယတ္တိ စာသင်တိုက်ပဓာနနာယက သာသနဓဇ ဓမ္မစရိယ မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသ ထံမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမှူးပြုသော ပရိသတ် အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့် တော်မူကြသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မဟာဝိဇိတာရုံ ကျောင်းတိုက် ဆရာတော်ထံ ကထိန်လျာဉတ် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။
ယင်းနောက် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီးတို့က ဆရာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်တို့က သံဃာေ တ်ာအရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်ရေဆင်းကန်ဦး ကျောင်းတိုက်မှ ဂဏ၀ါစကစာချ ဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇ၀နတို့က ကထိန်အမေးအဖြေများ ဆောင်ရွက်တော်မူကြသည်။
ယင်းနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမှူး ပြုသော ဧည့်ပရိသတ်များက ကထိန် အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။ အခမ်းအနား အပြီးတွင် သံဃာတော် အရှင်သူမြတ်တို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ် များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မိသားစု မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၇၆ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြပြီး ပဒေသာပင်များအား သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ ရုံး/ဌာနများအလိုက် မော်တော် ယာဉ်များဖြင့် ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက် အရသိရသည်။
(သတင်းစဉ်)

No comments:
Post a Comment