နေပြည်တော် စက်တင်ဘာ ၂၈
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ
တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၌ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အမေရိကန်အထက်လွှတ်တော်အမတ် Majority Leader Mitch
McConnell နှင့် စက်တင်ဘာ ၂၆ ရက်က ဝါရှင်တန်ရှိ U.S. Capitol တွင် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ၊
ရခိုင် ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့်
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုကိစ္စများနှင့် စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment