နေပြည်တော် စက်တင်ဘာ ၂၈
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
(၁၆/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ
ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင်
ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထားလွှာများအား
စိစစ်ခြင်း၊ မြန်မာနိုင်ငံရ င်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသော
ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို
ဆောင်ရွက် ခဲ့ကြသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
(၁၆/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား
ခွင့်ပြုမိန့် (၇)ခုနှင့် အတည်ပြုမိန့် (၁၂)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment