နေပြည်တော် စက်တင်ဘာ ၂၈
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်
ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီတွင် နယူးယောက်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ၏
အလွတ်သဘောအစည်းအဝေး (Informal ASEAN-US Ministerial Meeting) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် လာအိုနိုင်ငံခြားရေးဝန်ကြီး
Saleumxay Kommasith နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး John J. Sullivan တို့က
ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စရပ်များနှင့်
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း
သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment