Saturday, September 29, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ


နေပြည်တော်-စက်တင်ဘာ ၂၉

(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Michael R. Pompeo နှင့်  နယူးယောက်မြို့ရှိ Lotte New York Palace Hotel ၌ စက်တင်ဘာ ၂၇ ရက် ဒေသစံတော်ချိန်  ညနေ ၅ နာရီခန့်တွင် တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ရခိုင်အရေးကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အပါအဝင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းတို့ တက်ရောက်ခဲ့ကြပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ Under Secretary of State for Political Affairs ဖြစ်သူ Mr. T.H. David Hale နှင့် Principal Deputy Assistant Secretary for East Asia and Pacific Affairs ဖြစ်သူ Mr. Patrick Murphy တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment