နေပြည်တော် - စက်တင်ဘာ ၂၉
(၇၃) ကြိမ်မြောက်
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိ သော မြန်မာ ကိုယ်စားလှယ်အဖွဲ့
ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၎
နာရီခွဲတွင် ကုလသမဂ္ဂဌာနချုပ်၌ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော
အစည်းအဝေး (Informal ASEAN Foreign Ministers’ Meeting – IAMM) သို့ တက်ရောက်သည်။
အစည်းအဝေးတွင်
အာဆီယံမျှော်မှန်းချက် (၂၀၂၅) အကောင်အထည်ဖော်မှု အခြေအနေ၊ အာဆီယံ ၏ ဆွေးနွေးဖက်နိုင်ငံများနှင့်
ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စရပ်များနှင့် လာမည့်နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့်
(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအတွက်
ကြိုဆင်ပြင်ဆင်ထားရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့်
အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Foreign Ministers’ Meeting with the
UN Secretary-General and the President of the 73rd United Nations General Assembly-
AUMM) သို့ တက်ရောက်သည်။
အဆိုပါ အစည်းအဝေးသို့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres၊ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံ သဘာပတိ Ms. Maria Fernanda Espinosa Garces နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
တက်ရောက်ခဲ့ကြပြီး၊ အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊
ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးနှင့်
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း
သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment