နေပြည်တော်
ဇူလိုင် ၂၀
တရားလွှတ်တော်ရှေ့နေများ
ကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၈)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်အနေဖြင့်
တရားဥပဒေ စိုးမိုးရေး၊ တရား စီရင်ရေးကဏ္ဍပြုပြင်ပြောင်း လဲရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်
များတွင် ဥပဒေဆိုင်ရာ အထောက် အကူပေးရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ရှေ့နေများ၏
အခန်းကဏ္ဍသည်များစွာ အရေးပါပါကြောင်း။
သို့ဖြစ်၍
တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ခေတ်ကာလ နှင့်လျော်ညီ သည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက်
အသစ်ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ ဥပဒေအသစ်အရ ရှေ့နေများ၏ ပါဝင်ဆောင်ရွက်နိုင်မှု
ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပါကြောင်း၊ ဥပဒေအသစ် ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေရေးအတွက်
လက်ရှိတရား လွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို တရားဝင် ဘာသာပြန်ဆို၍ ဇွန်လ ၂၇ ရက်တွင်
ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊
ယခုအစည်းအဝေးတွင်
တရားလွှတ်တော်ရှေ့နေဝင်ခွင့် လျှောက်လွှာ ၆၁၀ ကို စိစစ်ခွင့်ပြု နိုင်ခဲ့ပါကြောင်း၊ ထိုပြင်
တရားလွှတ်တော်ရှေ့နေ များအပေါ် ကျင့်ဝတ်သိက္ခာနှင့် စပ်လျဉ်းသည့် တိုင်ကြားစာ ၄၄ စောင်နှင့်
အထက်တန်းရှေ့နေများအပေါ် တိုင်ကြားစာ ၁၁ စောင်တို့ကို လက်ခံရရှိ၍ စစ်ဆေးဆောင်ရွက်နိုင်ရန်
ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့ ခဲ့ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏
ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ကျင့်ဝတ်သိက္ခာ မြင့်မားရေးတို့ကို တန်ဖိုးထား၍ တရားစီရင်ရေးကဏ္ဍတွင်
အများပြည်သူယုံကြည် ကိုးစားမှု ရရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
အစည်းအဝေးသို့
တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင် တက်ရောက် ခဲ့ကြကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment