(၂၀-၇-၂၀၁၈
ရက်၊ နေပြည်တော်)
၂၀၁၈ခုနှစ်၊
ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး
လုပ်ငန်းအဖွဲ့ အစည်းအဝေး၏ နောက်ဆက်တွဲအနေဖြင့် ယင်းလုပ်ငန်းအဖွဲ့တွင် ပါဝင်ဖွဲ့စည်းထားသည့်
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ UNDP နှင့် UNHCR ရန်ကုန်ရုံးတို့မှ ကိုယ်စားလှယ်များသည်
၁၈-၇-၂၀၁၈ ရက်တွင် နေပြည်တော်တွင် တွေ့ဆုံခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် လုပ်ငန်းအဖွဲ့အနေဖြင့်
ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကနဦး သွားရောက်နိုင်ရေး
အသေးစိတ် ဆွေးနွေးခဲ့ပါသည်။
ပထမအကြိမ်မြောက်
နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် UNDP နှင့်
UNHCR မှ အဆိုပြုလာသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ
လျာထားသော ကျေးရွာအုပ်စု ၃၁ အုပ်စုအောက်ရှိ ကျေးရွာများတွင် Assessment ပြုလုပ်သွားနိုင်ရန်
လုပ်ငန်းအဖွဲ့အနေဖြင့် ဦးစားပေးဆောင်ရွက်မည့် ကျေးရွာအုပ်စုတို့ သတ်မှတ်နိုင်ရန် ကွင်းဆင်း
ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ယင်းနားလည်မှု
စာချွန်လွှာကို အဆိုပြုလုပ်ငန်း အစီအစဉ်နှင့်အညီ ၃ လ နှင့် ၆ လ အစီအမံများ ရေးဆွဲပြီး
ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်း လုပ်ငန်းအစီအစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ
လူ့အသိုက်အဝန်းများအကြား ရေရှည်တည်တံ့သည့် လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊
ပညာရေး အစရှိသည့် ကဏ္ဍများနှင့် သဟဇာတ ရှိစေမည့် အခြေခံများကို ပံ့ပိုးကူညီသွားမည့် အစီအစဉ်များ
ပါဝင်မည် ဖြစ်ပါသည်။
မြန်မာဘက်အနေဖြင့်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဗျူရို၊
ညွှန်ကြားရေးမှူး Mr. Indrika Ratwatte ၏ ဇူလိုင်လဆန်းက လာရောက်သည့်ခရီးစဉ်နှင့် ကုလသမဂ္ဂ
လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ
ညွှန်ကြားရေးမှူးနှင့် လက်ထောက် အုပ်ချုပ်ရေးမှူး Mr. Haoliang Xu ၏ မကြာသေးမီက လာရောက်ခဲ့သည့်
ခရီးစဉ်တို့ကို ကြိုဆိုပါသည်။ မြန်မာတာဝန်ရှိသူများအနေဖြင့် ၄င်းတို့နှင့် နားလည်မှုစာချွန်လွှာ
အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းအဖွဲ့သည်
ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၁ မှ ၂၃ ရက်အထိ ကနဦး သွားရောက်မည်
ဖြစ်ကြောင်း သိရှိရပါသည်။
Ref
: Ministry of Foreign Affairs Myanmar
No comments:
Post a Comment