Monday, July 16, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ H.E Prof. Dr. Surakiart Sathirathai ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး




နေပြည်တော် ဇူလိုင် ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ UEHRD သတင်းနှင့် ဆက်သွယ်ရေး ဒါရိုက်တာဦးကျော်မြိုင် တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ H.E Prof. Dr. Surakiart Sathirathai ဦးဆောင်သော အဖွဲ့အား အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ လက်ရှိဖြစ်ပေါ် တိုးတက်မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ H.E Prof. Dr. Surakiart ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည့် အကြံပေးအဖွဲ့က အကြံပြု တင်ပြထားသည့် အကြံပြုချက်များအနက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ UNHCR၊ UNDP နှင့် မြန်မာနိုင်ငံ အစိုးရတို့အကြား ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ နားလည်မှုစာချွန် လွှာရေးထိုးပြီး ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ Prof. Dr. Surakiart Sathirathai ဦးဆောင်သောအဖွဲ့တို့သည် ညနေ ၄ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ချက်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ နှစ်ဖက် လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ရေရှည်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ IDP စခန်းများ ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် NVC ကတ်ပြား ထုတ်ပေးခြင်း ဆိုင်ရာ ဆောင်ရွက်မှု အခြေအနေ တို့ကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment