Monday, July 16, 2018

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ အားလက်ခံတွေ့ဆုံ




နေပြည်တော် ဇူလိုင် ၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေမှု အခြေအနေ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အတွက် အစိုးရနှင့် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး ဆောင်ရွက်နေမှု အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာများအား အစိုးရနှင့် တပ်မတော်မှ ဖြေရှင်းဆောင်ရွက်နေမှုများနှင့် ဂျပန်နိုင်ငံမှကူညီ ဆောင်ရွက်ပေးမှုအခြေအနေ၊ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များတွင် ဆက်ဆံမှု တိုးမြှင့်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်မှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment