Friday, July 20, 2018

(၆၆)နှစ်မြောက် အီဂျစ်နိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ





ရန်ကုန် ဇူလိုင် ၂၀

(၆၆)နှစ်မြောက် အီဂျစ်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်ဇနီး ဒေါ်ခင်ဌေးတို့ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် အီဂျစ်နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Khaled mohamed abdelrahaman abdelsalam နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တို့က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးတို့က ဧည့်ခံပွဲသို့တက်ရောက် လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment