Saturday, July 21, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ


တောင်ကြီး  ဇူလိုင်  ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်တွင် လစ်လပ်နေရာ(၁၃) နေရာအတွက် ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် လဲချား ပြည်သူ့ လွှတ်တော် မဲဆနနယ်မြေတွင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို သတ်မှတ် အချိန် ဇယားနှင့်အညီ ပြင်ဆင်ဆောင်ရွက် သွားရန်လိုကြောင်း။
ယခုအချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ အမည်စာရင်း ကို တင်သွင်းကြပြီးဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများကို စိစစ်အတည်ပြုရာတွင် ပြဋ္ဌာန်း ထားသည့် လုပ်ထုံး လုပ်နည်းများ ဥပဒေများနှင့်အညီဖြစ်ရန် ပွင့်လင်းမြင်သာမှုရှိရန်နှင့် သတ်မှတ် အချိန် ကာလအတွင်းပြီးစီိးရန် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ ပြည်ထောင်စုကော်မရှင်တို့နှင့် တင်ပြညှိနှိုင်း ဆောင်ရွက် ရန် လိုအပ်ပါကြောင်း။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် တို့ဖြင့် သာဆောင်ရွက် ၍မရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊  ပြည်သူလူထု နှင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည့်အတွက် အားလုံးနှင့် အဆင်ပြေ ချောမွေ့မည့် ဆက်ဆံရေး ရှိရန် လိုအပ်ကြောင်း၊ ထို့အပြင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စေတနာ ထားပြီး ဘက်လိုက်မှု၊ အဂတိ ကင်းစွာဖြင့် ပြည်သူ့ဆနအမှန်ဖြစ်စေရေး ဆောင်ရွက်ကြစေ လိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲရှိသည့် ကော်မရှင် အဖွဲ့ခွဲ များအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်ကြရန်နှင့် ကြားဖြတ် ရွေးကောက်ပွဲမရှိသည့် ကော်မရှင်အဖွဲ့ခွဲများအနေနှင့် လိုအပ်ချက် များကို ကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ အတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါ ကြောင်းမှာကြားသည်။
ယင်းနောက် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ များက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညိုနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment