ရန်ကုန်
- ဇူလိုင် ၂၁
သတ္တမအကြိမ်
နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်
၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပ သည်။
အစည်းအဝေးသို့
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးမြင့်ဦး၊ အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာ သနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)
ဦးခင်မောင်ဝင်းနှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင်
သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ
မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး
အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက
ဆောင်ရွက်တော်မူသည်။
အစည်းအဝေးတွင်
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ၀ိနိစ္ဆယရေးရာ၊
သာသနာ့ရေးရာ၊ ပညာရေးရာ ဆောင်ရွက် ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြသည်။
ထို့နောက် ၀ိနိစ္ဆယရေးရာ၊ သာသနာ့ ရေးရာ၊ ပညာရေးရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ဆက်လက်၍
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် တာဝန် ကျရာ ကာလအတွင်း
ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဆရာတော်ကြီးများက
ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး ပဉ္စမအကြိမ် တာဝန်ကျရာ ကာလ အတွင်း ဆောင်ရွက်ချက်
အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က
အတည်ပြုချက်ရယူ၍ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ
မူလေအစချီ သော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ သတ္တမအကြိမ်
နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမအစည်းအဝေးကို မွန်းလွဲပိုင်းတွင်
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ သည်။
ယနေ့အစည်းအဝေးသို့
ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ်
ကျိုက္ကစံဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မာနိတ (သဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်
ဒါယကာဒါယိကာမများက စတုဝီသတိမ (၂၄)ကြိမ်မြောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment