Friday, July 20, 2018

ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ရန်ကုန်နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောရောဂါ အထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရေး စီမံကိန်း အသိပေး မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ



ရန်ကုန် ဇူလိုင် ၂၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။ ဂျပန်နိုင်ငံအစိုးရ အထောက် အပံ့ဖြင့် ရန်ကုန်နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောရောဂါ အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်း(The Project for Construction of New Yangon Specialist Hospital) အသိပေး မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Ichiro Maruyama နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံ အမတ်ကြီး၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အကြီးအကဲတို့နှင့် အတူဆေးရုံ သစ်ကြီး တည်ဆောက်မည့် မြေနေရာအား သွားရောက် ကြည့်ရှုခဲ့ကြရာ စီမံကိန်း၏ Chief Consultant, Mr. Tadayoshi Tsumoto က အဆောက်အဦ ဒီဇိုင်းပုံစံကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အထူးကု (၇)ထပ် ဆေးရုံသစ်ကြီးကို လမ်းမတော် မြို့နယ်ရှိ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) အကြားရှိ မြေနေရာတွင် (၂၀၁၉) ခုနှစ်မှ စတင်၍ တည်ဆောက်သွားမည်ဖြစ်ပြီး (၂၀၂၁) ခုနှစ် တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်သည်။ ဂျပန်နိုင်ငံ အစိုးရက ဂျပန်ယန်းငွေ (၈၆၆၁)သန်းအား ဆေးရုံအဆောက်အဦ ဆောက်လုပ်ရန်နှင့် ဆေးရုံသုံးစက်ပစ္စည်း အချို့အတွက် ထောက်ပံ့ကူညီမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် တန်ဖိုးရှိ အဓိကဆေးရုံသုံး စက်ပစ္စည်း ကိရိယာများ ဖြည့်တင်းရန် ထည့်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment