ရန်ကုန်
- ဇူလိုင် ၂၁
မြန်မာရုပ်ရှင် အတတ်ပညာနှင့် နည်းပညာများ အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရေး
နှင့် အမြင် ဖလှယ် နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ
(Film Development Centre) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၀ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း
တွင် ကျင်းပသည်။
ရှေးဦးစွာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဦးစိုးမိုးနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌ ဦးဇင်ဝိုင်း တို့က ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင် တာကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စု ၀န်ကြီး နှင့် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများသည်
ရုပ်ရှင် အနုပညာ ရပ်ဝန်း အတွင်းရှိ စတူဒီယိုများ၊ ပြင်ပရိုက်ကူးရေးပြုလုပ်နိုင်မည့်
နေရာများ၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ သင်တန်း နှင့် ဆွေးနွေးပွဲခန်းမတို့ကို
လှည့်လည်ကြည့်ရှုကြသည်။
ယခု
ဖွင့်လှစ်လိုက်သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် ရုပ်ရှင်အတတ် ပညာနှင့် နည်းပညာများ
မျှဝေဖလှယ်နိုင်မည့် ဆွေးနွေးပွဲများ၊ သင်တန်းခန်းမများ ပါဝင်ပြီး ရှေးဟောင်းရုပ်ရှင်
ဇာတ်ကားများနှင့် ရုပ်ရှင်ပညာဆိုင်ရာစာအုပ်စာတမ်းများ လေ့လာနိုင်မည့် ရည်ညွှန်းစာကြည့်တိုက်လည်း
ထည့်သွင်း ဖွဲ့စည်းထားသည်။
မြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင် ဖွံ့ဖြိုး
တိုးတက်ရေး စင်တာ တည်ထောင်ဖွင့်လှစ်ရာတွင် စီမံခန့်ခွဲရေးအဖွဲ့ကို ရုပ်ရှင် ပညာရှင်များဖြင့်
ဖွဲ့စည်းထားပြီး ရုပ်ရှင် အနုပညာ၊ အတတ်ပညာများ သင်ကြား လေ့ကျင့်ခြင်း(Training)၊ ရုပ်ရှင်လောက
သားများ ဆွေးနွေးခြင်း (Discussion)၊ ရုပ်ရှင် ၀ါသနာရှင်များ အဆက်အသွယ်ပြုနိုင်ခြင်း(Connection)တို့ကိုလည်း
တစ်နေရာ တည်းတွင် ပေါင်းစပ် ဆက်သွယ် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားရှိသည်။
ထို့ပြင်
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ ရုပ်ရှင်ပြခန်းမ၊ Theater နှင့် စတူဒီယို များ၊
ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ ရုပ်ရှင်ချစ်မြတ်နိုးသူများအဖွဲ့ (Film
Club)များ ဖွဲ့စည်းခြင်း၊ စုပေါင်း ရုပ်ရှင်ကြည့်ရှုသည့် Cinematheque Program များနှင့်
ထောက်ပံ့ကူညီမှုပြုလုပ်နိုင်မည့် Grant Program
များလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
နံနက် ၁၀ နာရီတွင် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ
အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတွင် ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်နှင့်ပတ်သက်သည့်
ကိစ္စရပ်များတွင် တာဝန်ရှိ သည်နှင့် အညီ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်နှင့်ဆက်စပ်သော
လုပ်ငန်းများ၊ ရုပ်ရှင် လောကသားများ၊ သက်ဆိုင်သောပုဂ္ဂိုလ်များ အားလုံးနှင့်ပူးတွဲပြီး
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုပ်ရှင် အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ(Film
Development Centre) ကို သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စတူဒီယိုများ၊ ရုပ်ရှင်ကြည့်ခန်းမများဖြင့်
ပေါင်းစပ်ပြီး ဖွင့်လှစ်နိုင်ခြင်းကြောင့် အင်မတန် မင်္ဂလာရှိသည့် နေ့ဟု မြင်ပါကြောင်း၊
ထို့ပြင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သော
အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်စောင့် ရှောက်နိုင်မည့် အလုပ်ရုံဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းသည်
တန်ဖိုးရှိသည့် လက္ခဏာ တစ်ရပ်ဟု မြင်ပါကြောင်း၊ ယခု ဆွေးနွေးမှုမှအစပြုပြီး ဥပဒေများပေါ်ပေါက်လာရန်၊
ဆွေးနွေးသုံးသပ်မှုမှရရှိမည့် နည်းလမ်း ကောင်းများကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန်
အစပြုခြင်းဖြစ်၍ အင်မတန်မင်္ဂလာရှိသည့် နေ့တစ်နေ့ ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက
မြန်မာရုပ်ရှင် လောက၏ ဘူမိနက်သံ နေရာ မှန်တွင် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးစင်တာ
ဖွင့်လှစ် နိုင်ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ် ပါကြောင်းနှင့် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်
ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား သည်။
ယင်းနောက် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ
အလုပ်ရုံ ဆွေး နွေးပွဲကို ဆက်လက် ကျင်းပရာ
အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ဦးဆောင် ဆွေးနွေး သူအဖြစ် ဆောင်ရွက်ပြီး အသိဉာဏ်
ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ အလုပ်အမှုဆောင် ဦးသန်းမောင်နှင့် SAVE MYANMAR
FILM မှ ပရောဂျက် ဒါရိုက်တာ ဦးဥက္ကာ
တို့ က ရုပ်ရှင်ဇာတ်ကားတစ်ကား ဖန်တီး မှုတွင်
ပါဝင်သော အစိတ်အပိုင်းများနှင့် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ ၊ ယနေ့ ချိုးဖောက်
ခံနေရသော မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာတွင် ဆောင်ရွက် နေသော မူပိုင်ခွင့်ဆိုင်ရာ ကာကွယ် မူများ၊ ကာကွယ်ဆောင်ရွက်နိုင်သည့် အခွင့်အ
လမ်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ် မူများ ခေါင်းစဉ် တို့ဖြင့် ပါဝင်ဆွေးနွေး
တင်ပြကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက၊ ဥက္ကဋ္ဌ
နှင့်အဖွဲ့ဝင်များ ၊ ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာ အဖွဲ့ဝင်များ နှင့် စိတ်ပါဝင်စားသူများ
တက်ရောက် ကြသည်။
ယနေ့
ကျင်းပသည့် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ
ရရှိလာသော အကြံပြုချက်များ၊ ဆွေးနွေးချက်များကို အစီရင်ခံစာ ထုတ်ပြန်ပြီး မြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:
Post a Comment