ရန်ကုန် ဇူလိုင် ၁၈
ရွှေတိဂုံစေတီတော်နှင့်
သိဂုင်္တ္တရကုန်းမြေ ကြံ့ခိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီခွဲက
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော် တန်ဆောင်း၌ကျင်းပသည်။
အစည်းအဝေးတွင် သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရွှေတိဂုံ စေတီတော်နှင့် သိဂုင်္တ္တရ
ကုန်းမြေကြံ့ခိုင်ရေးအတွက် ပညာရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စေတီတော်
မြတ်ကြီး ဂေါပကအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေတိဂုံစေတီတော်၏ ကြံ့ခိုင်ရေးနှင့် ပတ်သက်၍ ပြောကြားပြီး
ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက စေတီတော်နှင့် သိဂုင်္တ္တရကုန်းမြေပြုပြင်
ထိန်းသိမ်းထားခြင်းအဆင့်ဆင့်ကို မှတ်တမ်းများဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်၊ စေတီတော်
ဂေါပကအဖွဲ့ကိုယ်စားအလှည့်ကျ သဘာပတိ ဦးတင်လှတို့က ရွှေတိဂုံစေတီတော်မြတ်နှင့် သိဂုင်္တ္တရကုန်းမြေ
ကြံ့ခိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသော
တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့မှ
တာဝန်ရှိသူများနှင့် ပညာရှင်များက အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာ စကားပြောကြားသည်။
(သတင်းစဉ်)
No comments:
Post a Comment