ရန်ကုန်
ဇူလိုင် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ရာဇ၀င် နောက်ခံ ဇာတ်လမ်း ရေးသားသည့် စာရေး ဆရာများ၊
ဇာတ်လမ်းဇာတ်ညွှန်းရေးသား သည့် ပညာရှင်များနှင့် ယနေ့မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့
ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေး သည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်ရှင်လောကဖွံ့ဖြိုး တိုးတက်ရေး အတွက် နေပြည်တော်
တွင် ရုပ်ရှင် သင်တန်းကျောင်းနှင့် ရုပ်ရှင်စတူဒီယို များ တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်
လျက်ရှိပါကြောင်း၊ ထိုသို့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပညာရှင်ကြီးများ၊ ရုပ်ရှင်လောက
သားများ၊ လုပ်ငန်းရှင်များ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့ရာဇ၀င်သမိုင်းနောက်ခံ ရုပ်ရှင်ဇာတ်ကားနှင့်ဇာတ်လမ်းတွဲများစွာ ရိုက်ကူးလာနိုင်ရန်
ယခုကဲ့သို့ တွေ့ဆုံဆွေး နွေးခြင်းဖြစ် ပါကြောင်း ပြောကြားသည်။
ထို့နောက်
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ စာရေးဆရာတက္ကသိုလ်စိန်တင်၊
သမိုင်းပညာ ရှင်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေနှင့် ဒေါက်တာကျော်ဝင်း၊ မင်းဘူးဦးအောင်ကြိုင်၊
ဒါရိုက်တာ များဖြစ်ကြသော ဦးကြည် စိုးထွန်း၊ ဦးစင်ရော်မောင်မောင်၊ ဦးမျိုးဇော်အောင်နှင့်
ကြည်ဖြူသျှင်၊ ဇာတ်ညွှန်း/ ဒါရိုက်တာဦးဇော်မြင့်ဦး၊ ဇာတ်ညွှန်းပညာရှင် မြမြင့်မိုရ်နှင့်
တက်ရောက်လာကြသူများက ရာဇ၀င် ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ ရိုက်ကူးထုတ်လုပ်ရေးနှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဖြည့်စွက်
ဆွေးနွေးသည်။
(သတင်းစဉ်)
No comments:
Post a Comment