နေပြည်တော် မေ ၁၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်
World Bank ၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး
Ms. Ellen Goldstein အား ယနေ့မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊ နော်ဝေသံအမတ်ကြီး H.
E. Ms. Tone Tinnes အား ယနေ့မွန်းလွဲ ၃ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်
အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။
World Bank ၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့်
လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ် (World Bank) နှင့် မြန်မာနိုင်ငံအကြား ဆက်လက်ပူးပေါင်း
ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ၊ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ ပေးရေးဆိုင်ရာ
ကိစ္စ၊ ချေးငွေနှင့် နည်းပညာ အထောက်အကူ ပေးရေးဆိုင်ရာကိစ္စ၊ ကျေးလက်နေ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
နော်ဝေသံအမတ်ကြီး H. E. Ms. Tone
Tinnes နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊
ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး
အောင်မြင်ရေးအတွက် အကူအညီပေးရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စနှင့်၊ ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ်များအား
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment