နေပြည်တော်၊ မေ - ၁၇
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်
ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့်
ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးကြပြီး ကရင်အမျိုးသားအစည်းအရုံး
(KNU)၏ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူ ပလောလမ်းကြောင်းပြုပြင်
ဆောင်ရွက်နေမှုကို တပ်မတော်မှ နားလည်မှုရှိစွာဖြင့် ယာယီ ရပ်ဆိုင်း ပေးထားမည် ဖြစ်ကြောင်း၊
အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ အနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး
လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင် ကြောင်း ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment