နေပြည်တော် မေ ၁၇
ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း
ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတို့၏ သတင်း စာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင်
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာကာလအတွင်း
ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန အနေဖြင့် ယခင်က လူမှုဝန်ထမ်းဦးစီးဌာနနှင့်
ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှစ်ခုသာရှိခဲ့ရာမှ ယခုအခါ ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ်
တစ်ခုကို တိုးချဲ့ဖွဲ့စည်း၍ ပြည်သူများ တိုက်ရိုက် အကျိုး ကျေးဇူး ခံစားနိုင်စေရန်အတွက်
မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲ
တိုးတက်မှုများရရှိခဲ့သကဲ့သို့ စိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့ခဲ့ရပါကြောင်း။
မူဝါဒသစ်များချမှတ် ဆောင်ရွက်ရာတွင် ဥပဒေ၊
နည်းဥပဒေများကိုလည်း ရေးဆွဲဆောင် ရွက်လျက် ရှိပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို ၂၀၁၈
ခုနှစ် ဇန်န၀ါရီ ၅ ရက်က ပြဋ္ဌာန်းနိုင်ခဲ့ သောကြောင့် လူငယ်များ အနေဖြင့် ပညာရေး၊ စီးပွားရေး၊
နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ကျား-မရေးရာနှင့် လူ့အခွင့်အရေးကိစ္စများတွင် ၎င်းတို့ကိုယ်တိုင်
ပါဝင်ဆုံးဖြတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ထို့ပြင် သက်ကြီးရွယ်အိုများအတွက်လည်း
အမျိုးသားအဆင့်သက်ကြီးမူဝါဒကို ရေးဆွဲ လျက်ရှိပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို
အသစ်ပြင်ဆင်ရေးဆွဲပြီး လွှတ်တော် သို့တင်ပြ ထားပြီးဖြစ် ပါကြောင်း၊ ပြည့်တန်ဆာဆိုင်ရာဥပဒေကို အသစ်ပြင်ဆင် ရေးဆွဲလျက်
ရှိပြီး အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကိုလည်း အပြီးသတ် ရေးဆွဲ၍
အတည်ပြုရန် တင်ပြ ထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မသန်စွမ်းသူများအခွင့်အရေး ဆိုင်ရာနည်းဥပဒေနှင့်
သက်ကြီး ရွယ်အို ဆိုင်ရာ နည်းဥပဒေများကိုရေးဆွဲ လျက်ရှိပါကြောင်း။
မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများကို လက်တွေ့ကျင့်သုံးဖော်ဆောင်ရာတွင်
ဥပဒေအရ ခံစားရရှိမည့် ပြည်သူ များ အတွက် တရားမျှတသော ဥပဒေဖြစ်ရန် LEGAL ADVISORY
UNIT ကို ဖွဲ့စည်းခဲ့ပါကြောင်း။
ထို့ပြင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်
ဇန်နဝါရီလ (၃၀) ရက်တွင် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊
လူကုန်ကူးခံရသူ များအား ပြန်လည် ထူထောင်ရေး လုပ်ငန်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး၊
မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း၊ ရင်ခွင်မဲ့ ကလေး၊ စွန့်ပစ်ကလေး၊ ကလေးစစ်သား၊ လမ်းပျော်ကလေး၊
သက်ငယ်မုဒိမ်း၊ အမျိုးသမီး အိမ် တွင်း အကြမ်းဖက်မှုနှင့် ဘိုးဘွားစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊
ဘေးအန္တရာယ်/ပဋိပက္ခ ခံစားရ သည့်ဒေသများမှ နေရပ် စွန့်ခွာသူများ ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စများတွင်
ရပ်ရွာလူထု၊ ဒေသ ဆိုင်ရာအာ ဏာပိုင် အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့၏
သဘောထားအမြင်တို့ကို မေးမြန်း၍ ရှေ့လုပ်ငန်းစဉ်များ ကဏ္ဍအလိုက်ချမှတ်ခြင်း၊ ရေရှည်စီမံကိန်းလုပ်ငန်းစဉ်များ
ချမှတ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြည်သူများတိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့်
မဖြစ်မနေ အကောင် အထည်ဖော်ရန် လိုအပ်သော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း (၈)ခုရှိပါ
ကြောင်း၊ (၁) ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး
သူငယ်များအား ငွေကြေး ထောက်ပံ့ပေးခြင်း၊ (၂) အသက်(၃)နှစ်မှ (၁၅)နှစ် အထိ ကလေးသူငယ်
များအားထောက်ပံ့ခြင်း၊ (၃) မသန်စွမ်းသူများအားထောက်ပံ့ခြင်း၊ (၄) ကျောင်းတွင်းအာဟာရ
ကျွေးမွေးခြင်း၊ (၅) လူမှုရေး ပင်စင် ထောက်ပံ့ပေးခြင်း၊ (၆) ပြည်သူများအလုပ်အကိုင်ရရှိရေး
နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်း၊ (၇) သက်ကြီးသူချင်း ကူညီစောင့်
ရှောက်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ (၈) ဘက်စုံ လူမှု ကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်
ရာ ၎င်းတို့အနက်မှ အမှတ်စဉ်(၁)၊ (၂) နှင့်(၅)တို့ကို စတင်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
အာဟာရအခြေအနေ နိမ့်ပါးသောဒေသများဖြစ်သည့်
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် မိခင်တစ်ဦးကို
တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲ နှုန်းဖြင့် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ
အသက်(၉၀)နှစ်နှင့် အထက် ဘိုးဘွား များအား တစ်လလျှင် တစ်သောင်း ကျပ်နှုန်းဖြင့် လူမှုရေးပင်စင်
(SOCIAL PENSION) ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှု ရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်
CASE MANAGEMENT SYSTEM တစ်ရပ်နိုင်ငံအတွင်း ခိုင်မာ အားကောင်း စေရေးအတွက် ဆောင်ရွက်ရာတွင်
ယခင် (၂၇)မြို့နယ်မှ (၁၀)မြို့နယ် ထပ်မံတိုးချဲ့ပြီး မြို့နယ်(၃၇)ခုတွင် လူမှုရေးရာဖြစ်ရပ်
စီမံခန့်ခွဲ သူများအား လေ့ကျင့်ခန့်ထားပြီး တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရာတွင် ကူညီဆောင်ရွက်
လျက်ရှိပါကြောင်း၊ ဆက်သွယ်အကူအညီတောင်းခံလာသည့် အကြောင်း အရာ (၃၅၉) ခုကို လူမှုဝန်ထမ်းနည်း
စနစ်များဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အကူအညီတောင်းခံ လာသော အမှုများ
အနက် သက်ငယ်မုဒိမ်းမှုများအပါအဝင် မုဒိမ်းမှုကျူးလွန်ခံရသူ(၈၂)ဦးကို ထောက်ပံ့ ကူညီမှု
များပေးနိုင်ခဲ့ပါကြောင်း။
အမျိုးသမီးများအတွက် ပြဿနာများကို တစ်နေရာတည်းတွင်
ကူညီဖြေရှင်းပေးနိုင် မည့်စင်တာ (ONE STOP WOMEN SUPPORT CENTER-OSWSC) ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊
အဆိုပါစင်တာများသို့ လာရောက် အကူအညီ တောင်းခံသူများအား လိုအပ်ချက်အလိုက် တရားရင်ဆိုင်နိုင်ရန်
သက်ဆိုင်ရာ ဌာန များနှင့် ချိတ်ဆက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းနှင့်
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပြီး ထောက်ပံ့ရန်လိုအပ်သူ (၉၉) ဦး ကို
တစ်ဦးလျှင် (၅)သိန်းနှုန်းဖြင့် (၄၉၅)သိန်း ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း၊ မူလတန်းကြို
ကျောင်းများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ ပြည်သူ့အစိုးရ (၂)နှစ် တာ ကာလအတွင်း (၅)
ကျောင်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်အတွင်း ကျောင်း(၂၀) ထပ်မံဖွင့်
လှစ်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနမူလတန်းကြိုကျောင်းများ မဖွင့်လှစ်နိုင်သည့်
နေရာဒေသ များတွင် မိခင်ဝိုင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ယခင်မိခင်ဝိုင်း (၂၇၀)
ရှိရာမှ ပြည်သူ့အစိုးရ တာဝန်ယူသည့် (၂)နှစ်တာကာလအတွင်း (၁၂၇)ဝိုင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ထောက်ပံ့ပေးလျက်ရှိသည့်
ရပ်ရွာအတွင်း ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၉၇၉)ကျောင်းနှင့် ပရဟိတဂေဟာ(၂၄၄)ခု၊
ဘိုးဘွားရိပ် သာ (၈၂) ခုတို့ကို ခေတ်ကာလနှင့် လျော်ညီစွာ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်
EARTHQUAKE FORUM များ၊ ငလျင်ဘေး ဇာတ်တိုက် လေ့ကျင့်ခန်းများ၊ အသိပညာပေးဟောပြောပွဲများ
ဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းများတွင် ငလျင်ဘေး အသိပညာပေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်သွားနိုင်ရေး
ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် လေပြင်းဘေး
ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်း သက်သာ စေရန် အတွက် အိုးအိမ်များ လေပြင်းဒဏ်
ခံနိုင်ရေး နည်းပညာပံ့ပိုးပေးခြင်း၊ အိုးအိမ်များပြင် ဆင်အား ဖြည့်ခြင်း၊ ၂၀၁၆-၂၀၁၇
ဘဏ္ဍာ ရေးနှစ်တွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ
မြို့နယ် (၁၈)မြို့နယ်၊ ကျေးရွာ/ရပ်ကွက်(၁၂၉)ခုတို့တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်(၄)ခု အပြင် ဧရာဝတီ
တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးနောက်ပိုင်းတွင်
သဘာဝဘေးများဖြစ်ပွား လာပါက အရေးပေါ် ယာယီ ခိုလှုံရန်နေရာများအဖြစ် အသုံးပြုနိုင်ရန်
CYCLONE SHELTER များကို တည်ဆောက်ပေးခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ကာလအတွင်း တည်ဆောက်ပြီးစီး
မှုမှာစုစုပေါင်း (၉၃)လုံး ဖြစ်ပါ ကြောင်း၊ အစိုးရသစ်လက်ထက်တွင် တည်ဆောက်ပြီး(၁၀) လုံး၊
တည်ဆောက်ဆဲ(၁၆)လုံး၊ ထပ်မံ ဆောက် လုပ်မည့် SHELTER မှာ (၈၇) လုံးဖြစ်ပါကြောင်းရှင်းလင်းသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရှင်းလင်းမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများက သဘာဝဘေးအန္တရာယ်
ကျရောက်မှု အပေါ် လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့်
စပ်လျဉ်း၍ လည်းကောင်း၊ ပြည့်တန်ဆာ ဥပဒေ ရေးဆွဲဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ လည်းကောင်း၊
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများ ပိတ်သိမ်းမှု အခြေအနေနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်သွားသူများ
ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း၊
သက်ကြီးဘိုးဘွားများအား ထောက်ပံ့ဆောင် ရွက်မည့် အခြေအနေ နှင့်စပ်လျဉ်း၍လည်းကောင်း၊
အမျိုးသမီးများအပေါ် အကြမ်းဖက် မှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုဖြစ်စဉ်နှင့် အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုမှကာကွယ်စောင့် ရှောက်ရေး ဥပဒေဆောင်ရွက်မှုနှင့်စပ်လျဉ်း၍လည်းကောင်း မေးမြန်းကြရာ
ပြည်ထောင်စု ၀န်ကြီးနှင့် တာဝန်ရှိ သူများက ဖြေကြားကြသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏
ပြည်သူ့အတွက် ဒုတိယ(၁) နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး
ဦးမောင်မောင်ဝင်းက စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဌာန၊ အဖွဲ့အစည်းပေါင်း (၂၀)ခုရှိပြီး
စီမံကိန်းရေးဆွဲရေးဦးစီး ဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ
အမျိုးသား စီမံကိန်းဥပဒေကို ရေးဆွဲထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု
စီမံချက် (MYANMAR SUSTAINABLE DEVELOPMENT PLAN - MSDP) ကိုလည်း ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့်
မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်
ပြည်နယ် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရုံးခွဲများတွင်
ဆောင်ရွက်နိုင်ရေး လုပ်ပိုင်ခွင့်ခွဲဝေ ပေးခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင်
မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ (၅) သန်း၊ ကျပ်သန်း (၆၀၀၀)အထိ လုပ်ငန်းများကို တိုင်းဒေသကြီးနှင့်
ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့်ထုတ်ပေးပြီး ဆောင်ရွက်ပေး နိုင်ပါကြောင်း၊
ထို့ပြင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သက်သာခွင့်များ ခံစားနိုင်ရန်အတွက် ဖွံ့ဖြိုးတိုး
တက်မှုဇုန်ကို အဆင့် (၃) ဆင့် သတ်မှတ်၍ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများအား ဇုန်(၁)အဖြစ်
ဝင်ငွေခွန် ကင်း လွတ်ခွင့် (၇) နှစ်၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသောဒေသများအား ဇုန်
(၂)အဖြစ်သတ်မှတ်ပြီး ဝင်ငွေခွန် ကင်း လွတ်ခွင့် (၅)နှစ် နှင့် ဖွံ့ဖြိုးမှုရှိသောဒေသများအား
ဇုန်(၃)အဖြစ်သတ်မှတ်ပြီး ဝင်ငွေခွန်ကင်း လွတ်ခွင့် (၃) နှစ် စသည်ဖြင့် ခံစားခွင့်ပြုပေးထားပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးချဲ့ထူထောင်
ဆောင်ရွက်နေမှုများကို အရင်းအနှီး နည်း နည်းဖြင့် လုပ်ကိုင် လိုသူများ လွယ်ကူစွာဆောင်ရွက်နိုင်ရန်
ကုမ္ပဏီမှတ်ပုံတင် ကြေးကို ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ငွေကျပ် ၁၀ သိန်းမှ ၅ သိန်းထိ လျှော့ချခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ (၁)
ရက် နေ့မှစ၍ ငွေကျပ် ၅ သိန်းမှ ၂ သိန်းခွဲ သို့လည်းကောင်း ထပ်မံလျှော့ချပေးခဲ့ပါကြောင်း၊
မှတ်ပုံ တင်ကြေးဖြေလျော့မှုကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် မြန်မာကုမ္ပဏီ ၆၇၂၈ ခုနှင့် နိုင်ငံခြား
ကုမ္ပဏီ ၁၁၇၂ ခုရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ ကုမ္ပဏီ ၉၁၄၇ခုနှင့် နိုင်ငံခြား
ကုမ္ပဏီ ၁၃၂၂ ခု သိသိသာသာ တိုးတက်လာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မတ် (၁၉) ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အမေရိကန်ဒေါ်လာ ၅၃၀၇ ဒသမ ၂၀၇သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၃၆၃၂ ဒသမ
၂၄၁ ဘီလီယံရှိပြီး အလုပ်အကိုင်နေရာပေါင်း ၁၀၆၂၇၃ နေရာ ရှာဖွေ ပေးနိုင်ခဲ့ပါကြောင်း။
စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနအနေဖြင့်
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ နှစ်တွင် ခရိုင် (၂၅) ခရိုင်တို့၏ လုပ်ငန်းနှင့်လုပ်ငန်းစီမံကိန်း
စုစုပေါင်း (၄၀၁၆) ခုအား မြေပြင် ကွင်းဆင်း စိစစ်ခဲ့ ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊
မြေနှင့် အဆောက်အဦ၊ တိုက်ခန်း၊ မြေကွက်များအား အိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာမှ
အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြောင်းလဲ၍ ပွင့်လင်း မြင်သာစွာဖြင့် ရောင်းချဆောင်ရွက်ခဲ့ပါကြောင်း။
ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ
စာရင်းအင်းစနစ် ခိုင်မာအားကောင်း လာစေ ရန် စာရင်း အင်းဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင်
ပြဌာန်းနိုင်ခဲ့ပါကြောင်း။
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနအနေဖြင့်
မြန်မာနိုင်ငံအတွက် ရရှိလာမည့် ဖွံ့ဖြိုး မှုအကူအညီများကို နိုင်ငံတော်နှင့် ပြည်သူ့အတွက်
ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် ဖွံ့ဖြိုးမှု ညှိနှိုင်းရေးအဖွဲ့ (DEVE-LOPMENT
ASSISTANCE COORDINATION UNIT - DACU) ကို ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးမှု အကူ အညီဆိုင်ရာမူဝါဒ
(DEVELOPMENT ASSISTANCE POLICY - DAP) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ
SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် JICA မှ ODA ချေးငွေရယူ၍ နှစ်ဆင့်ချေးငွေ
(TWO STEP LOAN) အစီအစဉ်ဖြင့် လည်းကောင်း၊ မြန်မာ့ စီးပွားရေး ဘဏ်၏ OWNED FUND ဖြင့်
SME လုပ်ငန်းရှင်များသို့ ထုတ် ချေးသည့်အစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်
လယ်ယာဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် တောင်သူလယ်သမားများ
အား (၃) နှစ်မှ (၅) နှစ်သက်တမ်းရှိ နှစ်လတ် ချေးငွေများ ထုတ်ချေးခြင်း၊ အိမ်ရာစီမံကိန်းများ
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် (၃) နှစ်သက်တမ်းရှိ နှစ်လတ်ချေးငွေအား ထုတ်ချေးနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
CUSTOMER များအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဒုတိယ (၁) နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့်
နိုင်ငံတော်သို့ ဝင်ငွေခွန်ကျပ်သန်း (၇၇၉၁ ဒသမ ၇၀)နှင့် နိုင်ငံတော်သို့ထည့်ဝင်ငွေကျပ်သန်း
(၇၉၅၆ ဒသမ ၄၀) ထည့် ဝင်ပေးဆောင်နိုင်ခဲ့ပါကြောင်း။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်အနေဖြင့်
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ နှစ်တွင် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် ၉ ဒသမ ၁၂ ဘီယီယံ ပေးဆောင်နိုင်ခဲ့ပြီး
နိုင်ငံတော် ထည့်ဝင်ငွေ ကျပ် ၈ ဒသမ ၉၉ ဘီလီယံ တိုးမြှင့်ထည့်ဝင် ပေးနိုင်ခဲ့ပါကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တစ်ဧက (၁) သိန်းနှုန်း ထုတ်ချေးခဲ့ရာမှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်
ယခုအစိုးရသစ် လက်ထက်တွင် တောင်သူ လယ်သမားများသို့ တစ်ဧက (၁)သိန်း (၅) သောင်းနှုန်း၊
၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် အခြားသီးနှံ တစ်ဧကလျှင် (၂)သောင်းကျပ်နှုန်းမှ (၅) သောင်းကျပ်နှုန်းသို့
တိုးမြှင့်ထုတ်ချေး ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေး နှစ်အတွင်း ချေးငွေကျပ် ၁၆၃၁ ဘီလီယံ
နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၇၀၇ ဒသမ ၇၀ ဘီလီယံ စုစုပေါင်း ကျပ် ၃၃၃၈ ဒသမ
၇၀ ဘီလီယံ ထုတ်ချေးပေးခဲ့ပါကြောင်း။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် တောင်သူလယ်သမား
အသက်အာမခံလုပ်ငန်းကို ၂၀၁၇ ခုနှစ် အောက်တို ဘာလမှစ၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်
ပူးပေါင်းဆောင်ရွက်ခဲ့ ရာ ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ အသက်အာမခံထားရှိသူ ၄၁၄၀၇ ဦးအတွက်
ဝင်ငွေကျပ် ၅၈ ဒသမ ၇၉ သန်းရရှိပြီး အကြောင်း အမျိုးမျိုးကြောင့် နစ်နာဆုံးရှုံးသူတောင်သူ
လယ်သမား (၄၀)ဦးအတွက် ငွေကျပ် ၂၂ ဒသမ ၃၆ သန်းပေး လျော်ခဲ့ပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ
နှစ်တွင် ဝင်ငွေကျပ် ၅၆ ဘီလီယံဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ဝင်ငွေကျပ် ၆၁ ဘီလီယံ
ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ၅ ဘီလီယံခန့် နိုင်ငံတော်အတွက် ဝင်ငွေပိုမိုတိုးတက် ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ
အခွန်ထမ်းဆောင်ရာမှာ လျင်မြန်စွာ အဆင်ပြေဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစပြီး
ONLINE TAX PAYMENT ဖြင့် ပုဂ္ဂလိကဘဏ်မှတစ်ဆင့် အခွန်ပေးသွင်းခြင်းကို ပထမအဆင့်အဖြစ်
ရန်ကုန်မြို့ရှိ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး (၁) (၂) (၃) တို့တွင် စတင်အသုံးပြု
ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် သွင်းကုန်၊
ပို့ကုန်လုပ်ငန်းများကို ယခင် MANUAL စနစ်နှင့်ဖိုင်များ၊ စာရွက်စာတမ်းဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိခဲ့ရာမှ
မြန်မာ့အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေး စနစ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ (၁၂) ရက်မှ
စတင်ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့သဖြင့် အချိန်မြန်စေခဲ့ပြီး စရိတ်သက်သာစေခဲ့ပါကြောင်း။
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုအတွက် ဝန်ကြီး ဌာန အင်တာနက်
စာမျက်နှာမှတစ်ဆင့် (၃)လပတ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာအစီရင်ခံစာ များ၊ (IN YEAR
REPORT)၊ ဘတ်ဂျက် အဆိုပြုလွှာ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေ၊ ရသုံးခန့်မှန်းခြေငွေစာရင်း
ဆိုင်ရာ အချက်အလက်များစာစောင်၊ နှစ်လယ်သုံး သပ်ချက်အစီရင်ခံစာ၊ ၂၀၁၈ ခုနှစ် ဧပြီမှ
စက်တင် ဘာအထိ (၆) လအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က တင်ပြသည့် ဘတ်ဂျက်အဆိုပြုလွှာတို့ကို
အများ ပြည်သူ သို့ ထုတ်ပြန်နိုင်ခဲ့ ပါကြောင်း။
ငွေတိုက်ဦးစီးဌာနအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုဌာနခွဲသည်
ပြည်ထောင်စုအဆင့် ဗဟို အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက ပေးပို့လာသည့် ၂၀၁၆-၂၀၁၇ခု
ဘဏ္ဍာ ရေးနှစ် လစဉ်ငွေသား စီမံချက် များရေးဆွဲခြင်း၊ ၎င်းငွေသားစီမံချက်အပေါ်အခြေခံ၍ သုံးလပတ်
အလိုက် အမှန်စာရင်းများနှင့် ခန့်မှန်း စာရင်းများနှိုင်းယှဉ်၍ လအလိုက်ဖြစ်ပေါ်သည့်ပိုငွေ၊
လိုငွေများစာရင်းပြုစုခြင်း၊ ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်တို့၏ ခန့်မှန်းနှင့်
အမှန်စာရင်းများ နှိုင်းယှဉ်သုံးသပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း။
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့်
ကျေးလက်နေပြည်သူများ၏ လူမှုဘဝ တိုးတက် မြှင့်မားရေးကို အထောက်အကူဖြစ်စေဖို့အတွက် အသေးစား
ငွေရေးကြေး ရေးအဖွဲ့အစည်း (၁၇၆) ဖွဲ့အား လုပ်ကိုင်ခွင့်ပြုပြီး ချေးငွေများထုတ် ချေးလျက်ရှိပါကြောင်း၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ချေးငွေကျပ် ၂၄၇၉ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ချေးငွေကျပ်
၄၁၂၉ ဘီလီယံ ထုတ်ချေးပေးခဲ့ပါကြောင်း။
ပင်စင်ဦးစီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းများအနေဖြင့်
ဝန်ထမ်းလစာရပ်ဆိုင်းသည့်လ တွင် ပင်စင်လစာ တစ်ဆက်တည်းခံစားခွင့်ရရှိရေးအတွက် တစ်လအတွင်း
ပင်စင်နှင့်ဆုငွေ ခံစားခွင့်ရရှိအောင် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း။
အခွန်အယူခံခုံအဖွဲ့ရုံးအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ
၃၁ ရက်အထိ ကာလ အတွင်း အခွန်အယူခံခုံအဖွဲ့သို့ အကောက်ခွန်အယူခံမှု (၁၉၉)မှု၊ အကောက်ခွန်ပြန်လည်သုံးသပ်မှု
(၃၅) မှု နှင့် တံဆိပ်ခေါင်းခွန်ပြင်ဆင်မှု (၁) မှု စုစုပေါင်း (၂၃၅) မှု တင်သွင်းလျှောက်ထားခဲ့ပြီး
အဆိုပါအမှုများ အနက်မှ အကောက်ခွန်အယူခံမှု (၁၈၀) မှု၊ အကောက်ခွန်ပြန်လည်သုံးသပ်မှု (၂၃)မှု၊
စုစုပေါင်း (၂၀၃) မှုအား ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါကြောင်း။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးအနေဖြင့်
အများနှင့် သက်ဆိုင်သော ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI)၊ မြန်မာ သီလဝါအထူး
စီးပွားရေးဇုန် ဟိုးလ်ဒင်း လီမိတက် (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိ
ကဘဏ်(FPB)၊TMH TELECOM CO.,LTD တို့သည် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများဖြစ်လာကြပြီး
အစုရှယ်ယာများကို အရောင်း အဝယ် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း ရှင်းလင်းသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏
ပြည်သူ့ အတွက် ဒုတိယ (၁) နှစ်တာ ကာလအတွင်း
ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ၀န်ကြီးဌာန အနေဖြင့်
သစ်ထုတ်လုပ်မှုသုံးသပ်ခြင်းအပိုင်းနှင့် ဆောင်ရွက်ခြင်း တွင် ကျွန်းအပါအဝင် အဖိုးတန်
သစ်တောကြီးများရှိသည့် ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင် ၍
(၁၀)နှစ်ရပ်နားခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး နှစ်စဉ်ခုတ်လှဲခွင့်ပြုသည့်
(Annual Allowable Cut- AAC ) အရေအတွက်ထက် လျှော့ချထုတ်လုပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်
တွင် ကျွန်းနှင့် သစ်မာထုတ်လုပ်ရာတွင် ကျွန်းနှစ်စဉ်
တောထွက်၏ ၅၅ ရာခိုင်နှုန်းနှင့် သစ်မာ နှစ်စဉ် တောထွက်၏ ၃၁ ရာခိုင်နှုန်းသာ ထုတ်လုပ်ခဲ့ခြင်း၊ သစ်ထုတ်လုပ်ခြင်းအား
မြန်မာ့ သစ်လုပ်ငန်းမှသာ တာဝန်ယူဆောင်ရွက် ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း။
ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအခြေခံသော
ခရီးသွားစခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ
ခရီးသွား ဆင်စခန်း (၁၈) ခုအထိ တိုးချဲ့ဖွင့် လှစ်နိုင်ခဲ့ပါကြောင်း။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတိုးတက်ဆောင်ရွက်မှုများ
အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၃၃,၀၇၇ ဧက တည်ထောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
အီရန် နိုင်ငံ၊ တီဟီရန်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် မှ ၁၆ ရက်အထိ ကျင်းပခဲ့သော
(၁၈)ကြိမ် မြောက် Energy Globe Award ဆုပေးပွဲ၌ မိတ္ထီလာ ခရိုင် ဝမ်းတွင်းမြို့နယ်ရှိ
ရိုးစုံကျေးရွာဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော မှ ၂၀၁၇ ခုနှစ် အတွက် နိုင်ငံလုံးဆိုင်ရာဆု
(Energy Globe National Award) ရရှိခဲ့ပါကြောင်း။
ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်းအနေဖြင့်
သဘာဝထိန်းသိမ်းရေးနယ်မြေ များအား မူလ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဥယျာဉ်အုပ်ချုပ်
လုပ်ကိုင်မှုစီမံချက် (Park Management Plan) များ ရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံ ဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်
(၂၀၁၈-၂၀၂၇) (Myanmar Elephant Conservation Action Plan-MECAP 2018-2027) ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း။
တရားမဝင်သစ်ကာကွယ်တားဆီးမှု သုံးသပ်ခြင်းနှင့်
ဆောင်ရွက်ချက်အပိုင်းတွင် တရား မဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၂,၈၉၃.၄၃၁၆)
တန်၊ တရားခံ ၆,၅၉၁ ဦး (နိုင်ငံခြား သား ၁၉ ဦးအပါအဝင်)၊ ယာဉ်/ ယန္တရား ၃၁၉၂ စီး ဖမ်းဆီး
နိုင်ခဲ့ပါကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ခင်း တည်ထောင်ခြင်း ၃၈၈၈ ဒသမ ၄၇ ဧက၊ သဘာဝ တောကျန်များထိန်းသိမ်းကာကွယ်ခြင်း
၃၇၀၀၀ ဧက ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊
မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များရေး ဆွဲခြင်း၊ ရာသီဥ တုပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျောညီထွေရှိရေး
ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း
လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု
ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ခိုင်မာအားကောင်းစေခြင်း
တို့ကိုလည်း အဆင့်ဆင့် စီမံဆောင်ရွက် ထာရှိပြီး ဖြစ်ကြောင်း ရှင်းလင်းသည်။
အလားတူ သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးခင်လတ်ကြီးက ဓာတ်သတ္တုနှင့် ကျောက်မျက် ရတနာများကို အကန့်အသတ်ဖြင့် တူးဖော်ထုတ်လုပ်ခြင်းအပိုင်းတွင် ၂၀၁၆ ခုနှစ် မတ် ၁ ရက်မှစ၍ ကျောက်မျက် လုပ်ကွက်
အသစ်များ ခွင့်ပြုပေးခြင်းမပြုဘဲ ရပ်ဆိုင်းထားရှိ ခြင်း၊ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍
သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များကိုလည်း ထပ်မံသက်တမ်းတိုးခွင့်မပြုဘဲ၊ လစ်လပ် လုပ်ကွက်
များ အဖြစ် မှတ်တမ်းတင်ထားရှိခြင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှစ၍ ဓာတ်သတ္တု လုပ်ကွက်
အသစ်များ ခွင့်ပြုပေးခြင်းမပြုဘဲ ရပ်ဆိုင်း ထားရှိခြင်း၊ နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ခြင်းနှင့်
အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအပိုင်း တွင် မြန်မာ့သတ္တုတွင်းနည်းဥပဒေအသစ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘော တူညီချက် ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ
၁၃ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ နည်းဥပဒေအသစ်အရ ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ်လက်စားလုပ်ငန်းများကို
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ခွင့်ပြုပေးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
လုပ်ကွက်များအား ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်းအပိုင်းတွင် ၂၀၁၇ ခုနှစ် မေလမှ စတင်ပြီး ဝန်ကြီးဌာန ပူးပေါင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့
(၁၂)ဖွဲ့ဖြင့် စီမံချက်ချမှတ်ပြီး စစ်ဆေးလျက်ရှိပါကြောင်း၊ ဓာတ်သတ္တု လုပ်ကွက် (၄၃၈)ကွက်ကို
စစ်ဆေးနိုင်ခဲ့ပြီး လိုအပ် ချက်များ၊ အားနည်းချက်များကို ပြုပြင်ထိန်းကျောင်း တည့်မတ်ပေးနိုင်ခဲ့ပါကြောင်း။
EITI လုပ်ငန်းများ ဆောင်ရွက်ခြင်းအပိုင်းတွင်
၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် EITI ဦး ဆောင်ကော်မတီကို ပြည်ထောင်စုဝန်ကြီးအပါအဝင် အဖွဲ့ဝင်(၄)ဦးဖြင့်
ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး EITI လုပ်ငန်းကော်မတီနှင့် အစိုးရ၊ ကုမ္ပဏီနှင့် အရပ်
ဖက်အဖွဲ့ အစည်းများပါဝင်သော သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ (MSG)ကို ဖွဲ့စည်းခဲ့ပါကြောင်း။
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုဆိုင်ရာ
ဆောင်ရွက်ချက်များအနေဖြင့် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
ဘုတလင်နှင့် ရေဦးမြို့ နယ်ဝန်းကျင်ဒေသများ တွင် ဘူမိဗေဒမြေပုံရေးဆွဲရေးလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ပါကြောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဇုံဒေသတွင် ထုံးကျောက်အသေးစိတ်
စမ်းသပ်တိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ကျောက်မျက်ရတနာမူဝါဒ၊ အမျိုးသားသယံ ဇာတမူဝါဒရေးဆွဲခြင်းတို့ကိုလည်း
ဆောင်ရွက်လျက် ရှိပါကြောင်း။
အမျိုးသားစီမံကိန်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
အနေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် သတ္တု၊ ကျောက်မျက်၊ ပုလဲကဏ္ဍတို့မှ ထုတ်လုပ်မှုတန်ဖိုး
ငွေကျပ် (၅၄၁ ဒသမ ၆၂၉) ဘီလီယံလျာထားပြီး၊ ငွေကျပ် (၇၄၁ ဒသမ ၉၇၂) ဘီလီယံ ရရှိခဲ့သဖြင့်
(၁၃၆ ဒသမ ၉၉) ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့ပါကြောင်း ရှင်းလင်း သည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်
စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်
လူတိုင်းလက်လှမ်းမီသော သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ကို ပြည်သူ့ထံမှ ထုတ်ယူသုံးစွဲရသည့်
ကျန်းမာ ရေးစရိတ်များလျော့ကျစေရန် ပြည်သူများ၏ ကျန်းမာရေး အသိပညာမြင့်မားလာစေရန်အတွက်
စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးသူငယ်များအတွက် ရောဂါကာကွယ်ဆေး (၁၁)မျိုး
ထိုးနှံပေးခြင်းနှင့် တိုက် ကျွေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
တစ်ပြည်လုံး၌ ကျောင်းသားဦးရေ (၈ ဒသမ ၇သန်း) ခန့်ရှိသည့်အတွက် ကျောင်းကျန်းမာရေး စစ်ဆေးခြင်း
လုပ်ငန်းများကို တစ်နိုင်ငံလုံးရှိ ကျောင်းများ၏ (၉၇)ရာခိုင်နှုန်းခန့်ပြီးစီးအောင်
ဆောင်ရွက်နိုင်ခဲ့ ပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် သန်ချဆေးနှစ်ကြိမ်တိုက်ကျွေးခြင်း
(School Deworming)သည် ကျန်းမာရေးအတွက် အထူးအကျိုးရှိသဖြင့် ဆက်လက်ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
(၂၀၃၀)ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း
ငှက်ဖျားရောဂါကင်းဝေးရေးကို ဦးတည်၍ ဆောင်ရွက်လျက် ရှိကြောင်း၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး
အတွက် ပြည်သူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး အနာကြီးရောဂါလူနာသစ်ပေါင်း
(၄၈၈၈)ဦးကို ဆေးဝါးကုသပေး နိုင်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် မျက်စိအတွင်းတိမ်ခွဲ
စိတ်မှု ပေါင်း (၂၂၂၇၃၀) ပြုလုပ်နိုင်ခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ရှိ နိုင်ငံပိုင် ဆေးရုံကြီး (၇)ရုံတွင် အသည်းရောင်အသားဝါ စီရောဂါပိုး ကူးစက်ခံရသူများအနက် (၂၀၀၀) ဦးကို
anti-viral ဆေးများ အခမဲ့တိုက်ကျွေးနိုင် ခဲ့ပြီး (၂၀၁၇)ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်အထိ
လူနာ ပေါင်း(၁၆၇၁)ဦးကို ကုသပေးနိုင်ခဲ့ပါကြောင်း။
အလွန်ပြင်းထန်ပြီး ကူးစက်မြန်သောရောဂါ
ရှာဖွေရေးအတွက် ကမ္ဘာ့ရန်ပုံငွေ အထောက်အပံ့ဖြင့် ဇီဝလုံခြုံမှု အဆင့်(၃)ရှိသော ဒေါ်လာသန်းချီတန်သည့်
ဓါတ်ခွဲခန်း (၂)ခုကို တောင်ကြီးနှင့် အင်းစိန်တို့တွင် ဖွင့်လှစ်နိုင် ခဲ့ပါကြောင်း။
မကူးစက်နိုင်သော ရောဂါများ ကာကွယ်တိုက်ဖျက်ရေး
လုပ်ငန်းဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၁၇-၂၀၂၁)နှင့် မြန်မာနိုင်ငံအမျိုးသား
ကင်ဆာရောဂါကာကွယ်ထိန်း ချုပ်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၇- ၂၀၂၁)များကို ရေးဆွဲခဲ့ပြီး
Population Based Cancer Registry ကိုလည်း နေပြည်တော်၊ ပြည်ထောင်စု နယ်မြေတွင် စတင်ဆောင်ရွက်လျက်ရှိပါ
ကြောင်း။
ရင်ခေါင်းဖွင့်နှလုံးခွဲစိတ်ကုသခြင်းကို
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး မြောက် ဥက္ကလာပ ဆေးရုံကြီးနှင့်
ရန်ကင်းကလေးဆေးရုံကြီးတို့တွင် လူနာပေါင်း (၁၂၈၇)ဦးကို ကုသပေးနိုင်ခဲ့ကာ အောင်မြင်မှုရာခိုင်နှုန်းမှာ
(၉၅)ရာခိုင်နှုန်းကျော်ဖြစ်ပါ ကြောင်း၊ နှလုံးသွေးကြောချဲ့ ကုသမှု များကို လျှင်မြန်စွာ
လုပ်ဆောင်နိုင်ရန် Cardiac Cath Lab များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့်
မြောက်ဥက္ကလာပ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်၍ လူနာပေါင်း (၈၁၆၂) ဦးကို ကုသပေး နိုင်ခဲ့ပါကြောင်း။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ပိုင်းဆိုင်ရာ
ခွဲစိတ်မှုဌာနတွင် လက်ကောက်ဝတ်မှ ပြတ်ခြင်း၊ လက်ချောင်း ပြတ်တောက်ခြင်းများကို ပြန်လည်ဆက်ပေးခြင်း၊ အစားထိုးခြင်းများ ကို အောင်မြင်စွာ ဆောင်ရွက်ပေး
လျက်ရှိပါကြောင်း။
ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများအား
အသစ်တည်ဆောက်ခဲ့ရာတွင် ကျေးလက် ကျန်းမာရေးဌာန အသစ်(၁၈)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၂)ခု
အသစ် ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ပြည်သူ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု
ဆေးခန်း (Community Health Clinic) များအား ဌာနပေါင်း (၁၇၉၆)ခုတွင် ဆေးခန်းများ ဖွင့်လှစ်
လျက်ရှိပြီး မိခင်နှင့်ကလေးကျန်းမာရေးလုပ်ငန်း၊ (၅)နှစ်အောက်ကလေး ကျန်းမာရေးလုပ်ငန်း၊
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း၊ သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် မကူးစက်တက်သော
ရောဂါများနှင့် ပတ်သက်သောလုပ်ငန်းများဆောင်ရွက်ခြင်း၊ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု
ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးရာနေရာငယ်များ(Health Education corner) ထားရှိခြင်းများကို
အထူးအလေးထားဆောင်ရွက် လျက်ရှိပါကြောင်း။
ပြည်သူများအတွက် တိုင်းရင်းဆေးရုံ၊ ဆေးခန်း၊
စုစုပေါင်း(၂၄၁)ရုံ ဖွင့်လှစ် ကုသပေး လျက်ရှိရာ ပြင်ပလူနာ (၁၅၁၂၃၀၀)နှင့် အတွင်းလူနာ(၂၉၈၆၈)ဦးတို့ကို
အခမဲ့ကုသပေးနိုင်ခဲ့ ပါကြောင်း။
ပြည်သူများသည် စစ်မှန်သော အစားအစာနှင့်ဆေးဝါးများ
သုံးစွဲနိုင်ရန်ဆောင် ရွက်ပေး လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းကြီးကို
ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၎င်းဓာတ်ခွဲခန်း သည် အမေရိကန်အခြေစိုက် ANAB (ANSI-ASO
National) Accreditation Board မှ ပေးအပ်သော ISO 17025 Certificate ကိုရရှိခဲ့ပါကြောင်း။
FDA ခရိုင်ရုံး ၂၄ ရုံးကိုလည်း တည်ဆောက်လျက်ရှိပြီး
အဆိုပါရုံးများတွင် အစား အသောက်နှင့် ဆေးဝါးအန္တရာယ်ကို စစ်ဆေးပေးနိုင်သည့် ခေတ်မီဓာတ်ခွဲခန်းများလည်း
ပါဝင် မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးကဏ္ဍကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သလို
အားကစားကဏ္ဍကို လည်းရရှိသည့် ဘဏ္ဍာငွေအတွင်းမှ အစွမ်းကုန်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊
ပြည်သူများ ကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို လေကောင်းလေ သန့်ရသည့်နေရာ များတွင် လေ့ကျင့်
ဆောင်ရွက်နိုင်ရေးအတွက် Outdoor Fitness Equipment များ တပ်ဆင်ဆောင်ရွက် ပေးလျက်ရှိရာ
(၆၇၅)စုံ တပ်ဆင်ပေးပြီးဖြစ်ပါကြောင်း။
အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့်
မုံရွာကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်၍ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (၆)
ကျောင်းရှိလာပြီး လက်ရွေးစင် အားကစား သမားများ ပိုမိုပေါ်ထွက် လာနိုင်တော့မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၌ ပထမဦးဆုံး
B.Sc(Sports) သင်တန်းဆင်းကျောင်းသား ကျောင်းသူ (၇၀) ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ဒဂုံနှင့်
ရတနာပုံတက္ကသိုလ်တို့၌ ကျောင်းသား ပေါင်း (၂၀၇)ဦး တက်ရောက်လျက်ရှိပါကြောင်း ရှင်းလင်းသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များနှင့်ပတ်သက်၍
သတင်းမီဒီယာ များက ထီလက်မှတ်ရောင်း ချရာတွင် သတ်မှတ်ဈေးနှုန်းထက်ပို၍ ရောင်းချနေသည့်အပေါ်
ဆောင်ရွက် သွားမည့်အခြေအနေ၊ ပြည်ပအာမခံ ကုမ္ပဏီများအား
အထူးစီးပွားရေးဇုန်များတွင် ခွင့်ပြုလုပ်ကိုင်ပေး နေသည့် အခြေအနေ၊ မြန်မာ့အာမခံလုပ်ငန်းနှင့်
မွေးမြူရေးနှင့် ကုသရေးတို့ ပူး ပေါင်းပြီး ကျွဲ၊ နွားများကို မှတ်ပုံတင်ခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိသူများက ဖြေကြားကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏
ရှင်းလင်းချက်များနှင့် ပတ်သက်၍ ရွှေအကြွေးကျန်သည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များအား အရေးယူဆောင်ရွက် နေမှုအခြေအနေ၊ တော ဆင်ရိုင်းများ
အသတ်ခံနေရမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု အခြေ အနေ၊ သစ်ထုတ် လုပ်မှုရပ် ဆိုင်းထားမှုနှင့်
ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ တည်ထောင် ခွင့်ပြုထား သည့် အခြေအနေ၊ သစ်တောပြန် လည်တည်
ထောင်ရေး ၁၀ နှစ်စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု
လျှော့ချရေးနှင့်ပတ်သက်၍ လုပ်ဆောင် နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိ
သူများက ဖြေကြားကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရှင်းလင်းချက်များနှင့်ပတ်သက်၍
တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဆရာဝန်လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်နေမှုအခြေ
အနေ၊ ဆေးဝါးလိုအပ်ချက်အား ဖြည့်တင်းနိုင်ရန် တင်ဒါခေါ်ယူနေမှု အခြေအနေ၊ ရန်ကုန် ဆေးရုံကြီး
သို့လာရောက် ဆေးဝါးကု သသူများနှင့် လူနာစောင့်များ၏နေရေး၊ ထိုင်ရေးနှင့် စားသောက်ဆိုင်၊
ဈေးဆိုင်များအား စီမံခန့်ခွဲနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်း ကြရာ တာဝန်ရှိသူများက
ဖြေကြားကြသည်။
ဟန်မွှေး၊ လင်းနိုင်(သတင်းစဉ်)
No comments:
Post a Comment