နေပြည်တော် မေ ၁၇
မြန်မာဆယ်မားအူးလ်အွန်ဒုန် စီမံကိန်း
အပါအဝင် ပြည်တွင်း/ပြည်ပ ဖွံ့ဖြိုးမှု မိတ်ဘက် အဖွဲ့အစည်း များဖြင့် ပူးပေါင်းဆောင်ရွက်
လျက်ရှိသော ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ရေရှည် တည်တံ့အောင်မြင်အောင်
ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ပြောသည်။
ဆက်လက်၍ ရုပ်ဝတ္ထုပိုင်း ဖွံ့ဖြိုးမှုသာမက
စိတ်ပိုင်းဆိုင်ရာ ခံယူချက် ယုံကြည်ချက် နှင့် အတွေးအခေါ်များ မြှင့်တင်ပေးပြီး စုပေါင်းဆောင်ရွက်တတ်သော
အလေ့အကျင့်ကောင်း များဖြင့် မိမိဒေသ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်သူအားလုံး ပူပေါင်းပါဝင်ကြိုးပမ်းကြမှသာ
အမှန်တကယ် ဖွံ့ဖြိုးသော ကျေးရွာများပေါ်ထွန်း လာမှာဖြစ်ကြောင်း ယနေ့မွန်းလွဲ(၂)နာရီက
ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မြန်မာဆယ်မားအူးလ် အွန်ဒုန်စီမံကိန်း
ဦးဆောင်မှုဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် KOICA မှ Senior
Deputy Representative , Mr. Moon Sang Won က မြန်မာ ဆယ်မားအူးလ်အွန်ဒုန် စီမံကိန်း
ရေရှည်တိုးတက် အောင်မြင်ရေးနှင့် ကျေးရွာများအားလုံး ဖွံ့ဖြိုး တိုးတက်ရေး ကိုရီးယားဘက်မှ
ကြိုးစား ဆောင်ရွက်မှုများနှင့် ဆောင်ရွက်ပြီးစီးမှု ဗီဒီယိုဖိုင်ဖြင့် လည်းကောင်း ရှင်းလင်း
တင်ပြသည်။
ထို့နောက် စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ်က
စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့် ရှေ့ဆက် လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ
စီမံကိန်း ဦးဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် များနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး
အကြံပြုကြသည်။
မြန်မာ ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ရေး အစီအစဉ်အရ KOICA မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသည့် မြန်မာဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း
ကို တိုင်းဒေသကြီး/ ပြည်နယ်(၉) ခုရှိ ကျေးရွာ ၁၀၀ တွင် တတိယနှစ်အဖြစ် အကောင် အထည်ဖော်
ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စွမ်းဆောင်ရည် မြင့်မားရေး၊
လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေ တိုးပွားရေး လုပ်ငန်းများကို ကဏ္ဍများအလိုက်
ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဒယ်ဂူးမြို့တော်နဲ့ POSCO DAEWOO Co.,Ltd တို့၏ ကူညီထောက်ပံ့မှုများဖြင့်
ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ကျေးရွာ(၅)ရွာစီ ထပ်မံတိုးချဲ့
ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအခါ ရှေ့ပြေးစံပြ ကျေးရွာပေါင်း (၁၁၀)တွင် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းဝင် ကျေးရွာလူထု၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်
ဝင်ငွေတိုးလုပ်ငန်းများ အတွက် နည်းပညာ အထောက်အကူပေးနိုင်ရန် စိုက်ပျိုးပညာပေးရေးနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းကို နေပြည်တော်(ရေဆင်း)တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ဖွင့်လှစ်ခဲ့ပြီး ကျေးရွာခေါင်းဆောင်များနှင့်
သက်ဆိုင်ရာဝန်ထမ်းများကို ကျေးရွာသစ်လှုပ်ရှားမှု သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
စီမံကိန်း အကျိုးသက်ရောက်မှုများအား အကဲဖြတ်နိုင်ရန်
အတွက် Korea Development Institute (KDI) နှင့် Myanmar Survey Research (MSR) တို့
ပူးပေါင်း၍ Baseline Survey, Midterm Survey များကို ကောက်ယူပြီးဖြစ်ပြီး Endline
Survey ကို စီမံကိန်းကာလအပြီးတွင် ဆက်လက်ကောက်ယူ သွားမှာ ဖြစ်ကြောင်း သိရှိရ သည်။
(သတင်းစဉ်)
No comments:
Post a Comment