Friday, May 11, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး H.E. Smt. Sushma Swaraj အား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၁၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး H.E. Smt. Sushma Swaraj အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် နှစ်ဘက်တပ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်မြေတည်ငြိမ် အေးချမ်းလျက် ရှိသည့် အခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြား ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဘက်နိုင်ငံသို့ ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင် အိန္ဒိယနိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှု၊ ရခိုင်ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုရှိရန် အရေးကြီးမှု၊ အခြေအနေမှန်များကို အိန္ဒိယနိုင်ငံက မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာ သိရှိရန် အသိပေး ရှင်းလင်း ပြောကြားပေးမည့် အခြေအနေ၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment