Friday, May 11, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အာဆီယံ ပြန်ကြားရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ပြီး စင်ကာပူမှ ပြန်လည်ရောက်ရှိ


ရန်ကုန်- မေ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ပြန်ကြားရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (14th Conference of the ASEAN Ministers Responsible for Information – AMRI)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment