နေပြည်တော် မေ ၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ် သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးH.E. Mr.
Nicholas Coppel အား ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
သြစတွေးလျ-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး၊ လွှတ်တော်နှင့်
ဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ပူးပေါင်းပါဝင်
ကူညီပေးရေး၊ ပညာရေး မြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ
စွမ်းရည်မြင့်မားစေရေးအတွက် အထောက်အကူပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့်
ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment