နေပြည်တော်
မေ ၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊
ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး H.E.Mr. Zhao Kezhi အား ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အပြန်အလှန် သတင်းအချက်အလက်ဖလှယ်ရေး ကဏ္ဍများတွင် အောက်ခြေအဆင့်အထိ
ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ
တပ်မတော်နှစ်ရပ်အကြား၊ ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ
ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု
အခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေ အမှန်အတိုင်း
တရုတ်နိုင်ငံက ရပ်တည်ထောက်ခံပေးမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment