Thursday, May 10, 2018

အာဆီယံပြန်ကြားရေးဆိုင်ရာ ၀န်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာ


ရန်ကုန် မေ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် စင်ကာပူနိုင်ငံတွင် မေ ၁၀ ရက်၌ ကျင်းပမည့် အာဆီယံပြန်ကြားရေးဆိုင်ရာ ၀န်ကြီးများအဆင့်အစည်းအဝေး (14th Conference of the ASEAN Ministers Responsible for Information – AMRI) နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ယနေ့နံနက် ၇ နာရီခွဲက လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (အသံလွှင့်) ဦးဇေယျာ လည်း အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment