Tuesday, May 22, 2018

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


နေပြည်တော် မေ ၂၁
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်(CPPCC) ဒုတိယ ဥက္ကဋ္ဌ H.E.Mr. Wang Zhengwei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၆နာရီတွင် နေပြည်တော်ရှိ မက်စ်ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ညစာစားပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ညစာစားပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဒုတိယဥက္ကဋ္ဌတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာအတူတကွ သုံးဆောင် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment