နေပြည်တော်၊ မေ - ၂၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာတာစင်တာ၏ အမှုဆောင်အရာရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး
Ms. Mary Ann Peters နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ
ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ထာဝရငြိမ်းချမ်းရေးရရှိရန်
လိုအပ်မှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ
ဆောင်ရွက်နေမှုအခြေအနေ များ၊ ကာတာစင်တာမှ ကူညီဆောင်ရွက်ပေးနိုင်မည့်
အခြေအနေများနှင့် စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment