နေပြည်တော် မေ၂၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်
(Chinese People’s Political Consultative - CPPCC) ၏ ဒုတိယဥက္ကဋ္ဌ H.E. Mr. Wang
Zhengwei အဖွဲ့အားယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊
ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှ
ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်
အမျိုးသား ရင်ကြားစေ့ရေးကိစ္စရပ်များတွင် ပိုမိုပူးပေါင်းပါဝင်ကူညီပေးရေး၊ နှစ်နိုင်ငံအကျိုးစီးပွား
ဖြစ်ထွန်းရေးအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ဥပဒေပြုရေးဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်
ဦးခင်မောင်ဝင်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးဇော်သိန်း၊ ဦးခွန်မောင်သောင်း၊
ဒေါ်ခင်စန်းလှိုင်၊ ဦးခင်အေး၊ ဦးဝင်းသိန်းဇော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment