Sunday, May 20, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့နေပြည်တော်သို့ ရောက်ရှိ



နေပြည်တော် မေ ၂၀

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Wang Zhengwei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၅နာရီ ၂၀မိနစ်တွင် နေပြည်တော်သို့ ရောက်ရှိရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။


တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Wang Zhengweiနှင့်အဖွဲ့အား အမျိုးသားလွှတ်တော် မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းက ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment