ရန်ကုန် မေ ၂၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်း အသုံးချသုတေသနဌာနခွဲနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊
လှော်ကား၊ စက်မှုယန္တရားဌာနခွဲတို့အား သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်
မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း အသုံးချ သုတေသနဌာနခွဲသို့
ရောက်ရှိရာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေ များအား ရှင်းလင်းတင်ပြကာ
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက် ရှင်းလင်းပြီး
ပြည်ထောင်စုဝန်ကြီးမှ ရေနံရှာဖွေသုတေသနပြုရာတွင် တစ်ဦးချင်းတစ်ယောက်ချင်း၏ လေ့လာတွေ့ရှိမှုများအား
စုစည်း၍ Data-Base တခုတည်ဆောက်ရန်နှင့် Data Share System တစ်ခုရှိရန် လိုအပ် ကြောင်း၊
(၃)နှစ်အတွင်း (၁)ရက်လျှင် ရေနံစည် (၁၀၀၀၀) တိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား
ဆောင်ရွက်လျှက်ရှိသဖြင့် ရည်မှန်းချက်ပြည့်မှီနိုင်ရေး တာဝန်သိသိ သစ္စာရှိရှိဖြင့် စေတနာထားပြီး
အားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရေနံစူးစမ်းရှာဖွေရာတွင်
ကောင်းမွန် သည့် ရလာဒ်များထွက်ရှိရန် ခေတ်နှင့်အညီ စဉ်းစား၍ ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း
မှာကြား၍ သုတေသနဌာနခွဲအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေ များနှင့် Core Sample များထားရှိသည့် ဂိုဒေါင်အတွင်း Core Sample များအားကြည့်ရှု
စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ
မေးမြန်းဆွေးနွေး၍ လုပ်ငန်းလိုအပ်ချက် များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်
မင်္ဂလာဒုံမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ လှော်ကား၊ စက်မှုယန္တရားဌာနခွဲသို့
ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းခွင်သုံး စက်ယန္တရား/ ယာဉ်များနှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင်
တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု
စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment