Thursday, May 17, 2018

နိုင်ငံတကာ ဘာသာပေါင်းစုံအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေး ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုတို့ ဆွေးနွေး


ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်စ်ဘို၏  ဖိတ်ကြား ချက်အရ  Religions for Peace (RfP) မှ နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့်ကိုယ် စားလှယ်အဖွဲ့သည်  မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဖြစ်သည်။

အဆိုပါ Religions for Peace(RfP) မှ နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့် ကိစ္စနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန် (ရုံးခွဲ)၌ကြိုတင်ညှိနှိုင်းဆွေးနွေးကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment