နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး
H.E. Mr. Zhao Kezhi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှတစ်ဆင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊
နယ်စပ်ဒေသများ လုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊
အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
လုံခြုံရေးအတွက် လိုအပ်သည့် ရဲအသုံးအဆောင်ပစ္စည်း ကိရိယာများ ကူညီ ထောက်ပံ့ပေးရေး၊ ရဲကွပ်ကဲမှုဗဟိုဌာန
တည်ထောင်နိုင်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ကျောက်ဖြူစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊
သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး ဦးဆောင်သည့်
ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်
လည်း တက်ရောက်သည်။

No comments:
Post a Comment