နေပြည်တော် မေ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ
ရွှေစည်းခုံ စေတီ တော်နှင့် ဆုတောင်းပြည့် စေတီတို့အား သွားရောက်ဖူးမျှော် ကြည်ညိုပြီး
အလှူ ငွေများ ပေးအပ် လှူဒါန်းသည်။ ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ရန်ကင်းကျောင်း
ဆရာတော် အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသအား သွားရောက် ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်
ပစ္စည်းများ နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ
မသန် စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမွှာ ပူးမွေးမိခင်များအား ထောက်ပံ့ကြေးငွေများ
ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်
ဒေါက်တာမြင့်နိုင်က ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မုံရွာခရိုင်အတွင်းရှိ
မသန်စွမ်းသူများအတွက် ထောက်ပံ့ကြေးငွေ (၂၉၄) သိန်း၊ ရောင်ခြည်သစ် မျက်မမြင် ပရဟိတဂေဟာအတွက်
(၉ ဒသမ ၉) သိန်း၊ မိခင်ဝိုင်းများ တည်ထောင်နိုင်ရန်အတွက် ထောက်ပံ့ကြေးငွေ (၃၀၆) သိန်း၊
သုံးမွှာပူး မွေးဖွားမိခင်များအတွက် ထောက်ပံ့ကြေးငွေ (၁၅) သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုနောက် မုံရွာခရိုင်အတွင်းရှိ မသန်စွမ်းသူများ ကိုယ်စား မသန်စွမ်းသူ တစ်ဦးမှ ကျေးဇူးတင်စကား
ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သလ္လာ ပရဟိတဂေဟာသို့
ရောက်ရှိပြီး ကြီးကြပ်မှု ကော်မတီနှင့် တွေ့ဆုံကာဂေဟာအတွက် ထောက်ပံ့ကြေးငွေ (၆၁) သိန်းအားထောက်ပံ့
ပေးအပ်ခဲ့သည်။ ဆက်လက်၍ စစ်ကိုင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးသို့
ရောက်ရှိပြီး သိုလှောင်ရုံအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့
ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် တွေ့ဆုံကာတိုင်း
ဒေသကြီးအတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊
ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ်များ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ
ထားရေးဝန်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများက တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက်
လိုအပ် ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် မုံရွာဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ကြီးကြပ်မှုကော်မတီနှင့် တွေဆုံကာ
ထောက်ပံ့ကြေးငွေ (၇၇) သိန်းအား ပေးအပ်ခဲ့ပြီး ရိပ်သာအတွင်းရှိ ဘိုးဘွားများအား လှည့်လည်ကြည့်ရှု
အားပေးသည်။ ဆက်လက်၍ ချောင်းဦးမြို့ အမျိုးသမီး စောင့်ရှောက်ရေး ပရဟိတဂေဟာသို့ ရောက်ရှိပြီး
ဂေဟာတွင် စောင့်ရှောက်ထားရှိသည့် အမျိုးသမီးငယ်များအား အားပေးစကား ပြောကြားခဲ့ပြီး
ထောက်ပံ့ကြေးငွေ (၇၀) သိန်းအား ပေးအပ်သည်။ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ယနေ့ ထောက်ပံ့ပေးအပ်ငွေမှာ
စုစုပေါင်း (၇၇၁၉၉၁၀၀) သိန်းရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်
မြင်းမူမြို့နယ် လူမှုဝန်ထမ်းရုံး တည်ဆောက်မည့် မြေနေရာသို့ ၀င်ရောက်ကြည့်ရှုခဲ့ပြီး
ထိုမှတစ်ဆင့် ရွှေရတုတိပိဋကစက္ခုပါလ မျက်စိဆေးရုံတော်ကြီးသို့ ၀င်ရောက်ကာ မျက်စိဝေဒနာရှင်များအား
ဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး ရွှေရတုတိပိဋက ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့်
အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် စစ်ကိုင်း မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး
လှည့်လည် ကြည့်ရှုကာ တာဝန်ရှိဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment