နေပြည်တော် မေ၂၁
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်
ပြည်ထောင်စုလွှတ်တော် လွှတ်တော်ဝင်းသဘင်ဆောင်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူးများ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်အဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ IMF အဖွဲ့ဝင်များဖြစ်သော
ဂျပန်နိုင်ငံမှ ဌာနေကိုယ်စားလှယ် Mr. Yasuhisa Ojima၊ စီးပွားရေးပညာရှင် ဦးခိုင်ထွန်း၊
အကြံပေးများဖြစ်သော New Zealand နိုင်ငံမှ Mr.Micheal Oomen နှင့် Australia နိုင်ငံမှ
Mr. Gregory James Topping တို့နှင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment