နေပြည်တော် မေ၂၁
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးလှသိန်းသည် ကာတာစင်တာ၏ အမှုဆောင် အရာရှိချုပ် Ms.Mary Ann Peters နှင့်အဖွဲ့အား ယနေ့မွန်းလွဲ
၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၈ ခုနှစ်
နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင် ဆောင်ရွက်နေမှု၊
ကာတာစင်တာအဖွဲ့အနေဖြင့် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့်
လေ့လာရေး အဖွဲ့များအား သင်တန်းများပို့ချခဲ့မှုနှင့် Civic Education ဆောင်ရွက်ခဲ့မှု၊
၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတို့တွင်
ကာတာစင်တာအဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်သွားမည့်
အစီအစဉ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုး ကူညီသွားမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment