Tuesday, May 22, 2018

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ရုံး၊ စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်


ထားဝယ် မေ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ထားဝယ်ခရိုင်ရုံးစာကြည့်တိုက်အား လူထု အခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်()နာရီတွင် ထားဝယ်မြို့ရှိ ၄င်းရုံးနေရာတွင် ကျင်းပသည်။

ရှေးဦးစွာ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မျက်နှာစာတွင်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြရာ ကျောင်းသားကျောင်းသူများက ဘင်ခရာ နှင့်  ပန်းပွားအကများဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက  ရွေ့လျားစာကြည့်တိုက် ယာဉ်ငယ် ကို  အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။ ဆက်လက်၍  လူထုအခြေပြု ဗဟိုဌာနအတွင်းရှိ ကလေး စာကြည့်တိုက် ကို ကြည့်ရှုကြပြီး ၄င်းတွင်ရောက်ရှိနေကြသည့်ကလေးငယ်များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများက ကစားစရာအရုပ်များ ပေးအပ်ကြသည်။
ယင်းနောက် လူထုအခြေပြုဗဟိုဌာနရှိ စာကြည့်တိုက်ခန်းမ၊ ပြတိုက်ငယ်၊ လက်တော့ပ်ကွန်ပျူတာများ အသင့်တပ်ဆင် ထားသော သင်တန်းခန်းမ၊ ဆွေးနွေးပွဲ ခန်းမများကို လှည့်လည် ကြည့်ရှုကြသည်။
ထိုနောက် လူထုအခြေပြု ဗဟိုဌာန၀င်းအတွင်းရှိ ယာယီမဏ္ဍပ်၌ လူထုအခြေပြု ဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို  ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့် အမှာစကား ပြောကြားရာပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက် ဖြန့်ဝေပေး သည့် ပြန်ကြားရေး လုပ်ငန်း၊ ပြည်သူလူထုအတွက်  အသိပညာ ဗဟုသုတဖြည့်ဆည်းပေးသည့် ပညာပေးလုပ်ငန်းနှင့် ပြည်သူလူထုအတွက် ဖျော်ဖြေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေမှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ရုပ်သံနှင့်ရေဒီယို ထုတ်လွှင့်မှုဖြင့် လည်းကောင်း၊ သတင်းနှင့်စာနယ် ဇင်း လုပ်ငန်းမှ နိုင်ငံပိုင်သတင်းစာ များအပြင်  Myanmar Digital News - MDN   အမည်ဖြင့် Online မှ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးများမှ ပေးပို့သော အနယ်နယ်အရပ်ရပ်မှ သတင်းများကို နိုင်ငံပိုင်မီဒီယာများအပြင် MOI Website မှ လည်းကောင်း ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း ။
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး ဦးစီးဌာနအနေဖြင့်လည်း မြန်မာစာပေဖွံ့ဖြိုးတိုး တက်ရေးအတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်နိုင်ရန် ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ပွဲများနှင့် စာအုပ်ဈေးတန်း  စီစဉ်ဆောင်ရွက်ပေးခြင်း ၊ မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေနိုင်ရန်နှင့် မြန်မာဂန္တ၀င်စာအုပ်အတွဲ(၁၀၀)စာစဉ် ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။ 
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်လည်း အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည့် လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်များ တွင် ကလေးစာဖတ်ခန်းနှင့် ပြတိုက်ငယ်များ ထည့်သွင်းဆောင်ရွက်မှုအပြင် သင်တန်းများ၊ ဟောပြော ပွဲ၊ ဆွေးနွေးပွဲ ၊ အစည်းအဝေးပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်မှုမှစပြီး ရပ်ရွာလူထုအတွက် တန်ဖိုးရှိပြီး အသုံးဝင်သည့်နေရာ၊ လူအများစုဝေးသည့် လူထုအခြေပြု ဗဟိုဌာနများ ဖြစ်လာစေရန် အဆင့်မြှင့်တင်မှုနှင့်အတူ ပြောင်းလဲဆောင် ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်လည်း ပူးပေါင်းပြီး ရွေ့လျားစာကြည့်တိုက်များ အပါအ၀င်ဆောင်ရွက်နေပါကြောင်း ။
ထို့ပြင် Community Centre များတွင် Book Club ,Youth Club , Woman Club များလည်း ဖွဲ့စည်းဆောင်ရွက်နေ ပါကြောင်း ၊ ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ ပြည်သူများအကြား ဆွေးနွေးပြောကြားနိုင်ရန် ပြည်သူ့စကားဝိုင်း ( Public Talk ) များ ကျင်းပပြုလုပ်လျက်ရှိရာ ယခုအခါ အကြိမ် (၁၀၀)ကျော် ရှိနေပြီ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းတို့က အမှာစကားများပြောကြားကြပြီး ထားဝယ်ဒေသခံ ပြည်သူများ ကိုယ်စား ဒေါက်တာကျော်လွင်စိုးက လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပေးမှုအတွက် ကျေးဇူး တင်ရှိကြောင်းနှင့် တက်ကြွစွာ  ပူးပေါင်းပါဝင် ဆောင်ရွက် ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့သည် “လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့် ကျင်းပသည့် ပြည်သူ့စကားဝိုင်း” (Public Talk) သို့ တက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ၀န်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားကာ ၀န်ထမ်းများအတွက် ထောက်ပံ့ ငွေပေးအပ်ခဲ့သည်။
ခိုင်ထူး ( ပြန် / ဆက် )

No comments:

Post a Comment