ရန်ကုန် မေ ၁၈
ရခိုင်ပြည်နယ်၏ သာယာလှပမှု၊ ဒေသခံတိုင်းရင်းသားများ၏
ရိုးသားဖြူစင်မှုတို့ကို ပေါ်လွင်စေမည့် ရုပ်ရှင်ဇာတ်ကား နှင့် မှတ်တမ်းရုပ်ရှင်များ
ရိုက်ကူးနိုင်ရေး တတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားနှင့်
မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးနိုင်ရေး ဦးစီးကော်မတီ နာယက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်က ရခိုင်ပြည်နယ်၏ ပုံရိပ်ကို မြှင့်တင်ပေး မည့်ရုပ်ရှင်ဇာတ်ကား တစ်ကား၊
အတူတစ်ကွ ယှဉ်တွဲနေထိုင်မှုကို ဖော်ကျူးမည့် ရုပ်ရှင်ဇာတ်ကား တစ်ကား၊ ရခိုင်ပြည်နယ်၏
ပထ၀ီအနေအထားကို ဖော်ကျူးမည့် မှတ်တမ်းရုပ်ရှင် (Documentary) နှင့် ရခိုင်ပြည်နယ်အတွင်းရှိ
တိုင်းရင်းသား လူမျိုးစုများ၏ မှတ်တမ်း ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ရေး ၊ ၎င်းဇာတ်ကားများနှင့်
မှတ်တမ်းရုပ်ရှင် များကို ပြည်တွင်း၌ ပြသရန်အပြင် နိုင်ငံတကာအထိ ထိုးဖောက်ပြသနိုင်ရန်
ရည်ရွယ်ရိုက်ကူးရေး ၊ ရုပ်ရှင်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရုပ်ရှင်စတူဒီယိုနှင့်
သင်တန်းကျောင်းများ တည်ဆောက်ရေးနှင့် ရုံတင်ပြသမည့် မြန်မာရုပ်ရှင် ဇာတ်ကားများနှင့်
ဗီဒီယိုဇာတ်လမ်းများ၊ ၎င်း Press Show ဆိုင်ရာ သတင်းအကျဉ်းနှင့် အင်တာဗျူးများ ကို နိုင်ငံပိုင်မီဒီယာများဖြစ်သည့်
မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် အပတ်စဉ် ထုတ်လွှင့် ဖော်ပြပေးသွား မည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားနှင့်
မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်
၊ ရခိုင်ပြည်နယ်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ်
ဦးမြင့်ထွေး၊ ရခိုင်ပြည်နယ်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရေး လုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
နာယကများ ဖြစ်ကြသည့် ဒါရိုက်တာ ပန်းချီ ဦးစိုးမိုးနှင့် ဦးအောင်လွင် ၊ မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရေးလုပ်ငန်း
ကော်မတီ အဖွဲ့ဝင် ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်မှ ဦးကျော်ဝင်း ကိုယ်စား ရွှေသံလွင်မီဒီယာ
ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ
ရိုက်ကူးရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် Forever Group ကုမ္ပဏီလီမိတက်မှ ဦးဝင်းမော်၊
ရခိုင်ပြည်နယ်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒါရိုက်တာ
ဦးစင်ရော်မောင်မောင်နှင့် တက်ရောက် လာကြသူများက ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် သရုပ်ဆောင်
ရွေးချယ်နိုင်ရေးအပါအ၀င် ရခိုင်ပြည်နယ် ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားနှင့် မှတ်တမ်းရုပ်ရှင်များ
ရိုက်ကူးနိုင်ရေး၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး၊ စတူဒီယိုနှင့် ရုပ်ရှင်သင်တန်းကျောင်း
ဖွင့်လှစ်နိုင်ရေးဆိုင်ရာများကိုကဏ္ဍ အလိုက် ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက
ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ပြည်လမ်းနှင့် ကျွန်းတောလမ်းကြား Junction Square Shopping Mall ရှိ
Myanmar Media Development Center – MMDC သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု ကြသည်။
(သတင်းစဉ်)




No comments:
Post a Comment