နေပြည်တော်
မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးကို ဆက်သွယ်သည့်
ပဲခူး -သနပ်ပင် - ခရမ်း- သန်လျင်လမ်း (ပဲခူးမြို့တွင်းပိုင်း) ကတ္တရာကွန်ကရစ် (၄)လမ်းသွားဖွင့်ပွဲ
အခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် အဆိုပါ လမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌
ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတော်ဖွံ့ဖြိုး
တိုးတက်စေရန်အတွက် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး စသည့် ဘက်စုံ ၊
ကဏ္ဍစုံ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်နေသည့် အပိုင်းတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးသည် အခြေခံကျသည့်
အချက် တစ်ချက် ဖြစ်ပါကြောင်း။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်
စီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင်
ခေတ်စနစ်နှင့်အညီ နိုင်ငံတကာ အဆင့်မီ လမ်းသတ်မှတ်ချက်များ အတိုင်း ကတ္တရာကွန်ကရစ် (၄)လမ်းသွား
တိုးချဲ့ခြင်းများကို ယာဉ်သွားလာမှုနှင့် အညီ မြို့တွင်းပိုင်းများအား ဦးစားပေး ဆောင်ရွက်ပေးခြင်းသည်လည်း
မြို့အင်္ဂါရပ်နှင့် အညီ လမ်းပန်း ဆက်သွယ်ရေး အခြေခံအဆောက်အဦ မြှင့်တင်ခြင်းလုပ်ငန်းကို
အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း။
ယခုဖွင့်လှစ်သည့်
ကတ္တရာ ကွန်ကရစ် (၄)လမ်းသွား (ပဲခူးမြို့တွင်းပိုင်း) သည် ပဲခူး - သနပ်ပင် -
ခရမ်း - သန်လျင်လမ်း မိုင်(၀/၀ - ၁/၇)အတွင်း လမ်းအပိုင်းဖြစ်ပြီး ယင်း ပဲခူး - သနပ်ပင်
- ခရမ်း - သန်လျင် လမ်းမကြီးကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီအစဉ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း
လုပ်ငန်းများကိုလည်း မကြာမီကာလတွင် စတင်ဆောင်ရွက်တော့မှာ
ဖြစ်သည့် အပြင် လမ်းကွန်ယက် အဖြစ် High Way Development Project (ကျိုက်ထို - ပဲခူး
- ရန်ကုန်) လမ်းမကြီးဖောက်လုပ်ခြင်း စီမံကိန်းကိုလည်း ပဲခူး - သနပ်ပင် - ခရမ်း - သန်လျင်လမ်း
နှင့် ဆက်နွယ်လျှက် တိုးချဲ့ဖောက်လုပ် ပေးသွားမှာ ဖြစ်ပါကြောင်း ။
ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့
လမ်း(၅၁)လမ်း မိုင်ပေါင်း (၁၄၅၈ မိုင် ၇ ဖာလုံ) ရှိပြီး လမ်းအားလုံး ရာသီမရွေးသွားလာနိုင်သည့်အပြင်
ကတ္တရာ / ကွန်ကရစ် လမ်းအဖြစ် ဆောင်ရွက်ထားရှိရာ Paved Ratio အနေဖြင့်လည်း(၉၁%) ဆောင်ရွက်ပြီး
ဖြစ်ပါကြောင်း ၊ လမ်းအားလုံး Paved Ratio (၁၀၀%) ပြည့်မီရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏
ရည်မှန်းချက် အတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ။
ယခုဖွင့်လှစ်ပေးသည့် ပဲခူးမြို့တွင်းပိုင်း (၄) လမ်းသွား
ကတ္တရာ ကွန်ကရစ်လမ်းမကြီးကို လမ်းအသုံး ပြုသည့် မော်တော်ယဉ်များမှ သတ်မှတ်ထားသော (ယာဉ်+ကုန်)
တန်ချိန်ထက် ပိုမိုပြီး တင်ဆောင် မောင်းနှင်ခြင်းသည် သတ်မှတ်ကာလထက် လမ်းကိုစောစွာ လမ်းပျက်စီးမှု
ဖြစ်ပေါ် စေနိုင်ပါသဖြင့် လမ်းမကြီး ရေရှည်တည်တံ့ရေးအတွက် တန်ပိုတင်ဆောင်ခြင်းမပြုဘဲ
သတ်မှတ် တန်ချိန်အတိုင်းသာ တင်ဆောင် မောင်းနှင်ခြင်းဖြင့် လမ်းထိန်းသိမ်းခြင်းကို ဝိုင်းဝန်းကူညီ
ဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည် ။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း
က အမှာစကား ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့်
လမ်းရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်
။
ထို့နောက် ပဲခူး - သနပ်ပင် - ခရမ်း - သန်လျင်လမ်း (ပဲခူးမြို့တွင်းပိုင်း)
ကတ္တရာ ကွန်ကရစ် (၄)လမ်းသွားအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ ပဲခူးတိုင်း ဒေသကြီး
ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီး
လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင် ၊ စက်မှု ၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး
ဦးသန်းဝင်း ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေ ၊ စည်ပင် သာယာရေး ကော်မတီ
ဥက္ကဋ္ဌ ဒေါက်တာအောင်ခင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး သည် ။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ၊ ဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များသည်
ကတ္တရာ ကွန်ကရစ် လမ်းပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးသည် ။
ယနေ့ဖွင့်လှစ်သည့် ကတ္တရာ ကွန်ကရစ်(၄) လမ်းသွားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန
၊ လမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် (၁)မိုင်
(၇)ဖာလုံ၊ အကျယ် (၄၈)ပေ ရှိပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ၊ ပြည်ထောင်စုရန်ပုံငွေ
တို့ဖြင့် ဆောင်ရွက်ခဲ့သော မြို့တွင်း လမ်းပိုင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment